ယေရှုဘုရားကောင်းကင်ဘုံကိုတက်ကြွသွားပြီးနောက်ပိုင်းသူ၏တပည့်တော်ကြီးများတွေကမိမိတို့ရဲ့အသက်တွေကိုစွန့်ကြတဲ့အထိယေရှုဘုရားဟာကယ်တင်ရှင်ဖြစ်တယ်။သူဟာသေခြင်းကိုအောင်တော်မူခဲ့တယ်ဆိုတာကိုဝေမျှပြောခဲ့ကြတယ်။
တမန်တော်ပေါလ်လုဆိုတဲ့ပုဂ္ဂိုလ်ဟာဆိုရင်ယေရှုဘုရားကိုမယုံကြည်ခဲ့တဲ့အလွန်ပညာတတ်တစ်ယောက်ပါ။ယေရှုဘုရားကသေခြင်းကိုအောင်တော်မူခဲ့တယ်။
လူသားတွေရဲ့အပြစ်အကုသိုလ်တွေကိုလည်းကယ်တင်ပေးသောဘုရားဖြစ်တယ်လို့မိမိတို့အသက်ကိုတောင်စွန့်ဖို့ဝန်မလေးတဲ့သူတွေကိုညှင်းပန်းဖို့၊အနိုင်ကျင့်နှိပ်စက်ဖို့ကြံစည်ကြိုးပမ်းရာကနေယေရှုဘုရားနဲ့တွေ့သွားပြီးယေရှုဘုရားဟာအသက်ရှင်သောဘုရားဖြစ်တယ်ဆိုတာကိုသိရှိခံစားတွေ့ရှိသွားပြီးသူရေးသားခဲ့တဲ့ကျမ်းအထောက်အထားတွေမှာ လည်းယေရှုဘုရားဟာသေခြင်းကနေရှင်ပြန်ထမြောက်ခဲ့တဲ့ဘုရားဖြစ်တာကို ဖေါ်ပြရေးသားထားတယ်။
ဒါကြောင့်ယေရှုဘုရားရဲ့သေခြင်းမှရှင်ပြန်ထမြောက်ခြင်းဟာခရစ်ယာန်ဘာသာရဲ့ထူးခြားချက်ဖြစ်သလို၊မှန်ကန်တဲ့အချက်အလက်ဖြစ်ပြီးသူအမှန်တကယ်အသက်ရှင်နေတာကိုယနေ့ခေတ်လူများစွာဟာလည်းသက်သေတွေရရှိကြလျက်ဖြတ်သန်းနေကြတာဖြစ်လို့ခရစ်ယာန်ဘာသာဟာအခြားသောဘာသာအားလုံးနှင့်လုံး၀မတူညီသောဘာသာဖြစ်တာကိုဝေမျှပေးရင်းဒီမှာခဏအဆုံးသတ်ပါရစေ။
အားလုံးကိုကျေးဇူးတင်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ဆက်လက်သိလိုတာ၊မရှင်းလင်းတာများရှိရင် "ဆက်သွယ်မည်" ကို နှိပ်လိုက်ပြီး လာရောက်လည်ပတ်ပြီးမိတ်ဖွဲ့မေးမြန်းလို့ရပါကြောင်းသတင်းကောင်းပါးပါတယ်။
နောက်ရက်များမှာလည်းကျွန်တော်တို့အတွက်အကျိုးထူးစေမယ့်အကြောင်းအရာများကိုလည်းဝေမျှပေးလာဦးမည်ဆိုတာကိုလည်းသတင်းကောင်းပါးပါတယ်။
အသက်ရှင်သောဘုရားသခင်၏ကောင်းကြီးမင်္ဂလာများမိတ်ဆွေတို့အပေါ်သက်ရောက်ပါစေ။ အာမင်