တဖက်သက်ဆန်တဲ့ သူငယ်ချင်းဆက်ဆံရေးမျိုး ဖြစ်နေပြီလား
အရမ်းကို တဖက်သက်ဆန်တဲ့ သူငယ်ချင်းမျိုးတွေသာ ကျွန်ုပ်တို့မှာ ရှိနေပြီလား၊ (သို့မဟုတ်) ကျွန်ုပ်တို့ကိုယ်တိုင်က အဲလိုအပြုအမူရှိနေပြီလား ဆိုတာကို လေ့လာကြည့်ရအောင်။
၁) သူငယ်ချင်း - ဟေး မတွေ့တာ ကြာပြီ အဆင်ပြေနေရဲ့လား၊ တခါလောက် ပြန်တွေ့ကြရအောင်။
သင် - အင်း အဆင်ပြေ.. သူငယ်ချင်း - (ချက်ချင်း စကားဖြတ်ပြော) ငါလည်း အဲလိုခံစားရတယ် ဒီလိုအခြေအနေမျိုးဖြစ်နေပြီဆိုရင် သူငယ်ချင်းကောင်းအနေနဲ့ ကျွန်ုပ်တို့ကို စိတ်ပူပန်လို့မေးမြန်းခြင်း မဟုတ်ပါဘူး။
၂) သင့်ရဲ့ အားနည်းချက်ကိုသာ ပိုမို ထောက်ပြပြီး သင့်ကို အားငယ်အောင် ပြုလုပ်ခြင်း၊
၃) သင်ခက်ခဲနေချိန်မှာ သူတို့ သင့်အနားကို ရောက်မလာခြင်း၊ ခေါ်သော်လည်း ဂရုမစိုက်ခြင်း၊
၄) သူတို့နဲ့ ရှိနေလည်း အထီးကျန်မှုကို ခံစားရခြင်း၊ သူငယ်ချင်းတွေကြားမှာ တဖက်သက် ဆက်ဆံရေးတို့ကြောင့် နာကျင်မှုတွေသာ ရရှိလို့ စိတ်မပျက်ပါသေးနဲ့ဦး။
ကျွန်ုပ်တို့ဘဝမှာ သူငယ်ချင်းကောင်းရှိဖို့နဲ့ ကိုယ်တိုင်လည်း သူငယ်ချင်းအပြုအမူရှိဖို့ ယေရှုဘုရားအလိုရှိပါတယ်။ ဒီလိုအရေးကြီးအချက်တွေကို လေ့လာခြင်းကြောင့် သင့်အတွက်လည်း အလွန်အကျိုးရှိမှာမို့ နောက်တဆင့်အတွက် ဖိတ်ခေါ်အပ်ပါတယ်။
ဆက်လက်လေ့လာမည်ကို နှိပ်ပါ