သူငယ်ချင်းကောင်းမှာ ရှိသင့်တဲ့ အချက်များ
ထိုအချက်များမှာ -
၁) “လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ ကောင်း၏။ တစ်ယောက်လဲလျှင် တစ်ယောက်ထူလိမ့်မည်” ဒေသနာကျမ်း ၄း၉ ကျွန်ုပ်တို့သူငယ်ချင်းလဲကျနေတာကို တွေ့ရက်နဲ့ လျစ်လျူရှုတဲ့သူ မဖြစ်ဖို့ အရေးကြီးပါတယ်၊ ထူမပေးပါ။
၂) “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏” သုတ္တံကျမ်း ၁ရး၁၇ ကျွန်ုပ်တို့အားလုံးမှာ အားနည်းချက်နဲ့ အားသာတို့ ဒွန်တွဲနေပါတယ်။ အားနည်းချက်ကြောင့် ကျရှုံးမှုတွေ ကြုံနေချိန်မှာလည်း သူငယ်ချင်းကောင်း ပီသစွာ ချစ်ခြင်းမေတ္တာတွေကို ဆက်လက်ပေးဖို့ ဖြစ်ပါတယ်။
၃) “ဝမ်းမြောက်သောသူတို့နှင့် အတူ၊ ဝမ်းမြောက်ခြင်းကို၎င်း၊ ငိုကြွေးသော သူတို့နှင့်အတူ ငိုကြွေးခြင်းကို၎င်း” ရောမ ၁၂း၁၅
သူငယ်ချင်း ဝမ်းနည်းနေချိန်မှာ သူတို့အတူရှိနေဖို့နဲ့ သူအောင်မြင်သွားလို့ ကိုယ်က မနာလိုမှုရှိနေဖို့ မဟုတ်ပါဘူး၊ ပျော်ရွှင်စွာ လက်ခုပ်တီးပြီး အားပေးတဲ့သူ ဖြစ်ဖို့ပါ။
ဒီလိုအဓိကအကြောင်းအရင်းတွေကို သင်ဖတ်ရှုပြီးပြီဆိုတော့ တဖက်သက်ဆန်တဲ့ ဆက်ဆံရေးမျိုးကနေ သူငယ်ချင်းကောင်းတွေ ဖြစ်ကြဖို့ လိုအပ်ချက်တွေကိုလည်း သိပြီလို့ ယုံကြည်ပါတယ်။ ကျွန်ုပ်တို့ဘဝမှာ သူငယ်ချင်းကောင်းတွေနဲ့ ပျော်ရွှင်မှုတွေရနေတာကို တွေ့ချင်တဲ့ ဘုရားလည်းဖြစ်ပြီး၊ သူငယ်ချင်းကောင်းလို ကြင်နာမှုတွေ၊ ဂရုစိုက်မှုတွေ ပေးချင်တဲ့ သူတစ်ဦးရှိပါသေးတယ်။
သူကတော့.. “သင်တို့ကို အဆွေဟူ၍ ငါခေါ်၏” ယေရှုဘုရား နောက်တဆင့် ယေရှုဘုရားနဲ့ ရင်းနှီးမှုရဖို့ စတင်ကြပါစို့။
ဆက်လက်လေ့လာမည်ကို နှိပ်ပါ