Podcast နဲ့လည်း နားဆင်နိုင်ပါပြီ

လူများစွာတို့က သမ္မာကျမ်းစာကို ရိုးရိုးရှင်းရှင်း မယုံကြည်နိုင်‌ကြပါဘူး။သမ္မာကျမ်းစာကို မယုံကြည်ရင် ခရစ်ယာန်ဘာသာကို မယုံကြည်နိုင်ပါဘူး။

အကြောင်းကတော့ ခရစ်ယာန်တရားအားလုံးဟာ သမ္မာကျမ်းစာသင်ကြားမှုမှ လာခြင်းကြောင့် ဖြစ်ပါတယ်။

 
သမ္မာကျမ်းစာကို ဒဏာရီတွေချည်းပဲလို့ လူများစွာက ထင်ကြပါတယ်။ထိုကဲ့သို့ ထင်နေရင်းနဲ့ပဲ သမ္မာကျမ်းစာကြောင့် စိတ်ပြောင်းလဲသွားပြီး ယေရှုဘုရားနောက်ကို လိုက်သွားသူများစွာ ရှိခဲ့ပြီး ဖြစ်ပါတယ်။ဒီနေ့ထိလည်း ရှိနေဆဲဖြစ်ပါတယ်။ နောင်လည်း ရှိနေဦးမှာပါ။


သမ္မာကျမ်းစာဟာ အစစ်အမှန်ဖြစ်ပြီး သမိုင်းမှာ လုံးဝအမြစ်တွယ်နေပါတယ်။ သမ္မာကျမ်းစာဟာမှန်လား မမှန်လားဆိုတာကို သမ္မာကျမ်းစာကို လေ့လာတာအပြင်ရှေးသမိုင်းပညာရှင်များကို လေ့လာခြင်းဖြင့်သော်၎င်း၊ ရောမသမိုင်းပညာရှင် Pliny Tacitus နဲ့ ဂျူးသမိုင်းပညာရှင် Josephus တို့ကိုလေ့လာခြင်းဖြင့် သိနိုင်ပါတယ်။


ဘာလို့ဆိုထိုရှေးပညာရှင်အားလုံးတို့ဟာ ယေရှုဘုရား၏ သွန်သင်ချက်များ၊ယေရှုဘုရား၏ နမိတ်လက္ခဏာများ၊ယေရှုဘုရား၏

သက်တော်စဉ်ကို ကိုးကားခဲ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။


ခရစ်ဝင်ကျမ်းများထဲမှာ ပါရှိဖော်ပြထားတဲ့ အဖြစ်အပျက်များကို ၎င်းတို့အဖြစ်အပျက်များပြီးနောက် ၃၅နှစ်ခန့်တွင်ရေးသားသော ကျမ်းများဖြစ်ကြပါတယ်။ကျွမ်းကျင်သူအများစုက မာကုခရစ်ဝင်ကျမ်းဟာဓမ္မသစ်ခရစ်ဝင်ကျမ်းများရဲ့ ပထမဦးဆုံး ဖြစ်လိမ့်မည်လို့ သတ်မှတ်ကြပါတယ်။


ယေရှုဘုရားဟာအသက် ၃၀ ကျော်အစောပိုင်း၌ အသက်တော်စွန်ခဲ့ခြင်းကြောင့် အနီးအနားရှိ လူများစွာ ရှိပါလိမ့်မည်၊ယေရှုကို သူတို့ကိုယ်တိုင်မျက်စိနှင့်မြင်ဖူးပြီး နားနှင့်သူတို့ကြားခဲ့ကြမှာပါ။


ခရစ်ဝင်ကျမ်းရေးသူနှစ်ဦးဖြစ်တဲ့ မဿဲနှင့်ယောဟန်တို့ဟာဆိုရင်ကိုယ်တိုင်မျက်မြင်သက်သေများဖြစ်ကြပါတယ်။သူတို့ဟာယေရှုဘုရားနောက်ကို အမှန်တကယ်လိုက်ခဲ့ကြပြီး ပထမတပည့်များထဲတွင်ပါဝင်သူများလည်း ဖြစ်ပါတယ်။


အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့လုကာတစ်ဦး ရှိနေပါသေးတယ်။ ​​


သူရေးတဲ့လုကာခရစ်ဝင်ကျမ်းအစမှာ သူပြောနေတာက သူရေးတဲ့အရာတွေက မျက်မြင်သက်သေတွေရဲ့သက်သေတွေအပေါ် အခြေခံပြီး သေချာအောင်ကြိုးစားခဲ့ကြောင်းပဲ ဖြစ်ပါတယ်။ နောက်ပြီး လုကာဟာ အလွန်လေးနက်သော သမိုင်းပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုမည်

ဝေမျှနိုင်ပါပြီ