ဒါတွေကလူတွေကို ယေရှုဘုရားနောက်လိုက်ဖို့ လိမ်ညာပြီး သွေးဆောင်နေတာပဲဆိုပြီး မိတ်ဆွေပြောနိုင်ပါတယ်။အလိမ်အညာတွေကို ဘာလို့ပြောနေတာလဲ၊ယေရှုဟာ ဘုရားစစ်ဘုရားမှန်ဖြစ်တယ်ဆိုပြီး ဘာလို့လိမ်ညာပြီး ပြောနေရတာလဲ၊ အစောပိုင်းခရစ်ယာန်များက သူတို့ယုံကြည်ခြင်းအတွက် ဒုက္ခအများအပြားခံစားခဲ့ရပြီး၊နောက်ဆုံး သေဆုံးခဲ့ရတာပဲ မဟုတ်လား။လူ့သမိုင်းမှ ာလူအတော်များများက မမှန်ကန်တဲ့အရာတွေကြောင့် သေဆုံးခဲ့ကြရတာပဲဆိုပြီး
မိတ်ဆွေကပြောနိုင်ပါတယ်။
ဒါပေမဲ့ လူတွေက သမ္မာကျမ်းစာကို အလေးအနက်ထားနိုင်ပြီး လေ့လာရာကနေ စိတ်ပြောင်းသွားရတဲ့ အဓိကအကြောင်းရင်းက ယေရှုဘုရားကြောင့်ပါပဲ။ ယေရှုကအထူးခြားဆုံးပုဂ္ဂိုလ်ဖြစ်ပြီး သမ္မာကျမ်းစာမျက်နှာတွေပေါ်က ဆင်းလာခဲ့ပြီး လူတွေရဲ့ဘဝထဲကို ဝင်ရောက်လာခဲ့တာပါ။
ဒါကြောင့် ယေရှုဘုရားကြောင်းမိတ်ဆွေမှာမေးခွန်း၊ သံသယတွေရှိတယ်ဆိုရင်၊ သမ္မာကျမ်းစာနဲ့ပတ်သက်ပြီး မေးခွန်းများရှိတယ်ဆိုရင် မိတ်ဆွေလုပ်နိုင်တဲ့အကောင်းဆုံးအရာကတော့ အခြားသောစာတွေထက် ဓမ္မသစ်ကျမ်းမှတ်တမ်းများ၊ ခရစ်ဝင်ကျမ်းများကို မိတ်ဆွေကိုယ်တိုင် ဖတ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ဝေမျှပေးရင်း ဒီမှာ ခဏအဆုံးသတ်လိုက်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ ဆက်လက်သိလိုတာ၊မရှင်းလင်းတာများရှိရင် "ဆက်သွယ်မည်"ကိုနှိပ်ပြီးပြီး မိတ်ဖွဲ့မေးမြန်းလို့ရပါကြောင်း သတင်းကောင်းပါးပါတယ်။
အသက်ရှင်သောဘုရားသခင်၏ကောင်းကြီးမင်္ဂလာများမိတ်ဆွေတို့အပေါ်သက်ရောက်ပါစေ။ အာမင်