"လူကောင်းတွေ၊ ရိုးဖြောင့်မှန်ကန်သူတွေ ဘာကြောင့် ဆင်းရဲဒုက္ခကြုံရတာလဲ"


ဒီမေးခွန်းဟာ ခရစ်ယာန်တွေကိုယ်တိုင် မေးတတ်တဲ့မေးခွန်းလည်း ဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲက အစောဆုံး ရေးသားတဲ့ကျမ်းစောင်လို့ဖော်ပြကြတဲ့ ယောဘ၀တ္ထုဟာ ဒီမေးခွန်းအပေါ်အခြေခံထားတဲ့ကျမ်းစောင်လို့ ပြောနိုင်ပါ တယ်။ မဟုတ်တာလုပ်လို့ ဆင်းရဲဒုက္ခကြုံရတာကို လက်ခံနိုင်ပေမယ့်၊ ရိုးဖြောင့်မှန်ကန်ပါလျှက်နဲ့ ဆင်းရဲဒုက္ခကြုံရ တာကိုတော့ ကျေနပ်စွာ နားလည်လက်ခံပေးနိုင်ဖို့ အတော်ခက်ခဲလေ့ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး အခုလို တုန့်ပြန်လို ပါတယ်။


ဖြေရှင်းချက် (၁) - ရိုးဖြောင့်မှန်ကန်ခြင်းဆိုတာ ဒုက္ခပြီးစေတဲ့ဆေး မဟုတ်ပါဘူး။

တကယ်တော့ ဒီမေးခွန်းက “လူကောင်းတွေ၊ ရိုးဖြောင့်မှန်ကန်သူတွေ ဆင်းရဲဒုက္ခ မကြုံသင့်ဘူး/မကြုံထိုက်ဘူး”ဆိုတဲ့ ခံယူချက်အပေါ် အခြေခံထားပုံရပါတယ်။


ဒါပေမယ့် ကျွန်တော်တို့သိမှတ်သင့်တာက “ရိုးဖြောင့်မှန်ကန်လို့ ‘ဒုက္ခဆင်းရဲ မကြုံရဘူး’ဆိုတဲ့အာမခံချက်မျိုး မရှိဘူး” ဆိုတာပါပဲ။ “ရိုးဖြောင့်မှန်ကန်သူတွေရဲ့ ဘ၀လမ်းမှာ ဒုက္ခမရှိ၊ သောကမရှိ။ ရိုးဖြောင့်မှန်ကန်ခြင်းသည်သာ ဒုက္ခခပ်သိမ်းမှ ကွေကွင်းလွတ်မြောက်ရာလမ်း”ဆိုတာမျိုး မရှိပါဘူး။ လူကောင်းတွေ၊ ရိုးဖြောင့်မှန်ကန်သူတွေလည်း နာကျင်ဆင်းရဲကြုံရတတ်ပါတယ်။ ဒါဟာ လူကောင်း ဟုတ်/မဟုတ်၊ ရိုးဖြောင့်မှန်ကန် ခြင်းရှိ/မရှိ ဆိုတာနဲ့ မဆိုင်ပါဘူး။


ပထမမေးခွန်းမှာဖြေကြားခဲ့သလို..

(၁)ပျက်ဆီးတတ်တဲ့သဘာ၀ရှိတဲ့ လူဖြစ်နေတာ ရယ်၊

(၂) Ripple effect လို့ခေါ်တဲ့ ရေလှိုင်းဂယက် အကျိုးသက်ရောက်မှုနိယာမထဲကအတိုင်း အချင်းချင်းပတ်သက်  ဆက်နွယ်နေကြတာရယ်ကြောင့် ကြုံရတာမျိုး ဖြစ်ပါတယ်။


ဥပမာ - ကိုဗစ်လို ကပ်ရောဂါမျိုးပေါ့။ ဒီကပ်ရောဂါက တစ်ယောက်နဲ့တစ်ယောက် ဆက်နွယ်ပတ်သက်၊ထိတွေ့ရခြင်းကြောင့် ကူးစက်ခံစားရနိုင်တဲ့ ရောဂါမျိုးဖြစ်ပြီး ဒါဟာ ကိုယ်ကျင့်တရားကောင်းခြင်း၊မကောင်းခြင်းနဲ့မဆိုင်ဘဲ သတိပြုကာကွယ်ပုံနဲ့ ကိုယ်ခံအားအပေါ်အခြေခံပြီး လူကောင်း တွေလည်း ရောဂါကူးစက်ခံစားရတာမျိုးပါ။ 


ဒါပေမယ့် လူကောင်းတွေ၊ ရိုးဖြောင့်မှန်ကန်သူတွေပဲ သီးသန့်ကြုံရတဲ့ ဆင်းရဲဒုက္ခတွေ ရှိနေတာအမှန်ပါပဲ။ ဒါပေမယ့် လူကောင်းတွေ ဆင်းရဲဒုက္ခတွေကိုကြည့်ရင် Voluntary Suffering (ကိုယ့်ဆန္ဒအလျောက်ရွေးချယ်ယူတဲ့ ဆင်းရဲဒုက္ခ) နဲ့ Mandatory Suffering (လိုအပ်လို့ ကြုံရတဲ့ဆင်းရဲဒုက္ခ) ဆိုပြီး နှစ်မျိုးခွဲခြားလို့ရမယ် ထင်ပါတယ်။ 


အပြည့်အစုံဖတ်ရှုနိုင်ဖို့ အောက်တွင် နှိပ်လိုက်ပါ။

အပြည့်အစုံဖတ်ရှုမည်