Podcast နဲ့လည်း နားဆင်နိုင်ပါပြီ
ကျွန်ုပ်တို့အားလုံးဟာ စည်းကမ်းရှိတဲ့ လောကထဲမှာ မွေးဖွားရောက်ရှိလာကြတယ်။ နေရာဒေသမတူကြပေမယ့် စည်းကမ်းရှိတာခြင်းကတော့
အတူတူပဲဖြစ်တယ်။ ကျွန်ုပ်တို့၏နေ့စဉ်ဘ၀များကို ကျွန်ုပ်တို့သည် စည်းမျဉ်းများဖြင့် အသက်ရှင်ကြတယ်။
ကားမောင်းတဲ့အခါမှာလည်း စည်းမျဉ်းရှိကြတယ်။ စည်းမျဉ်းတွေကို ချိုးဖေါက်လိုက်တာနဲ့ ချိုးဖောက်သူတွေကို ဖမ်းဖို့အဆင်သင့်ပဲ၊
အားကစားပွဲများတွင်လည်း စည်းမျဉ်းချိုးဖောက်သူများကို ဒိုင်လူကြီးကအနီကတ်ပြဖို့ အဆင်သင့်ပဲ။
ကျွန်တော်တို့ လူ့အဖွဲ့အစည်းလည်ပတ်နိုင်ဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေ လိုအပ်တယ်လို့ ကျွန်တော်တို့က လက်ခံတာဖြစ်လို့စည်းမျဉ်းများ အတွက်လည်းစိတ်လှုပ်ရှားနေတာမျိုး မရှိကြပါဘူး။
ဘုရားသခင်ရှိလျှင် သူသည်လည်း ၎င်းနည်းတူလုပ်ဆောင်တယ်လို့ယူဆရခြင်းဟာ အတော်လေး သဘာဝကျပါတယ်။ အမှားတစ်ခုခုလုပ်မိရင် စောင့်ဖမ်းဖို့စောင့်နေတဲ့ကောင်းကင်က ယာဉ်ထိန်းရဲကြီးနဲ့ တူတယ်။
လူတွေအတော်များများက ယေရှုနောက်လိုက်ခြင်း၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းကို မလိုလားကြတတ်ဘူး။ ဘာဖြစ်လို့ စည်းမျဉ်းစည်းကမ်း
အပိုတွေကို ပေးနေရတာလဲ၊ လိုက်လျှောက်နေရတာလဲ ဆိုပြီးပေါ့။ ဒါပေမယ့်ယေရှု၏ အသက်တာကို အနီးကပ်ကြည့်မယ်ဆိုရင် မိမိထင်ထားသလို
မဟုတ်တော့ဘဲ ကွဲပြားခြားနားသောအရာတစ်ခုကို ကျွန်တော်တို့မြင်ရမှာ ဖြစ်တယ်။
ယောဟန် အခန်းကြီး ၃ အပိုဒ်ငယ် ၁၇ မှာ အံ့သြဖွယ်ကောင်းသောသမ္မာကျမ်စာဝါကျတစ်ခုရှိသည်၊ ယေရှုသည်ကမ္ဘာကြီးကိုအပြစ်စီရင်ရန်ကြွလာခြင်းမဟုတ်ဘဲကယ်တင်ရန်ဆိုပြီးပေါ့။
“သားတော်ကိုလောကသို့စေလွှတ်တော်မူသည် မှာ လောကသားတို့အားအပြစ်စီရင်ရန် မဟုတ်။ လောကသားတို့ကိုကယ်တင်ရန် ဖြစ်၏။”
စည်းမျဉ်းဆိုတာကပြစ်တင်ရှုံ့ချဖို့နဲ့အပြစ်ပေးဖို့ဖြစ်တယ်။ ဒါကို ပြုလုပ်ဖို့ ယေရှုကြွလာခဲ့တာ မဟုတ်ပါ။ လူသားတို့ကို ဖန်ဆင်းထားတဲ့ကောင်းကင်ဘုံမှာဘုရားသခင်ရှိတယ်။ ကျွန်တော်တို့ သူ့ကိုဆော်ကားခဲ့ကြပြီး စည်းမျဉ်းအချို့ကို ချိုးဖောက်ရုံသာမကဘဲ ကျွန်တော်တို့ရဲ့နှလုံးသားများက
သူ့ကိုလုံးလုံးလျားလျား လှည့်စားခဲ့ကြတယ်။
စည်းမျဉ်းအချို့က ကျွန်တော်တို့ကို ကူညီပေးမည် မဟုတ်ပါ။ ပြဿနာက ဒီထက်မက ပိုမိုနက်ရှိုင်းပါတယ်။ ပြဿနာက ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာရှိနေတာ။ လူတစ်ဦးကနေပြီး ပိုကြိုးစားပါလို့ လာပြောတာကို လိုအပ်တာမဟုတ်ဘဲကျွန်တော်တို့ကို ကယ်တင်ပေးနိုင်သူ တစ်ဦးကို လိုအပ်တာဖြစ်တယ်။
ကျွန်ုပ်တို့ကို အတွင်းစိတ်ကနေ ပြောင်းလဲပေးနိုင်တဲ့သူမျိုးပေါ့။