ကျွန်ုပ်တို့လူသားတွေရဲ့ ပုန်ကန်တဲ့စိတ်နှလုံးများဟာ ဘုရားသခင်ရဲ့ မှန်ကန်တဲ့ ပြစ်တင်ရှုံ့ချခြင်းကို ခံထိုက်ကြပါတယ်။ ဒါပေမယ့် လူသားတို့ကို အပြစ်တင်မယ့်အစားလူသားတို့ကိုကယ်ဖို့ယေရှုကို ကမ္ဘာပေါ်သို့ စေလွှတ်ခဲ့တယ်။


ယေရှုက သူ့ကို လိုလိုလားလားနဲ့ ခွင့်လွှတ်ပေးဖို့တောင်းလျှောက်သူတိုင်းကို အပြစ်လွှတ်စေတာ ဖြစ်တယ်။ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူတဲ့အခါကျွန်တော်တို့ရဲ့ပုန်ကန်သော စိတ်နှလုံးများနဲ့ ထိုက်တန်တဲ့ အပြစ်ဒဏ်ကိုခံဖို့ အသေခံသွားတာ ဖြစ်တယ်။


ကျွန်တော်တို့အတွက်ကို ကျွန်တော်တို့ဘယ်တော့မှ

မလုပ်နိုင်တာကို ယေရှုက လုပ်ပေးခဲ့တယ်။


ပြီးတဲ့အခါ သူက ကျွန်တော်တို့ကို စပြီးပြောင်းလဲတယ်။ သူက ဘုရားသခင့်လမ်းစဉ်အတိုင်းနေချင်တဲ့အတွက် ကျွန်တော်တို့ရဲ့နှလုံးသားတွေကို ပြောင်းလဲစေတယ်။ ကျွန်တော်တို့ကို ဖန်ဆင်းတော်မူတဲ့ဘုရားသခင်က ကျွန်ုပ်တို့ကို ချစ်မြတ်နိုးပြီး ကျွန်ုပ်တို့အတွက် အကောင်းဆုံးသောအရာကို သိရှိသော ဘုရားသခင်ဖြစ်တယ်။


စစ်မှန်တဲ့လွတ်လပ်မှုဆိုတာက ကျွန်တော်တို့အလိုရှိရာကို လုပ်ဖို့ လွတ်လွတ်လပ်လပ်နေခြင်း မဟုတ်ကြောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်။



ယေရှုနောက်ကိုလိုက်ခြင်းဖြင့် စည်းမဉ်းစည်းကမ်းများကို လိုက်နာဖို့ ကျွန်တော်တို့ကို ကယ်တင်ပေးခဲ့တယ်။ ကျွန်တော်တို့ နှလုံးသားတွေကို ပြောင်းလဲစေခဲ့တယ်ဆိုတဲ့အချက်များကို ဝေမျှပေးရင်း ဒီမှာ အဆုံးသတ်လိုက်ပါတယ်။

မိတ်ဆွေတို့အနေနဲ့ ဆက်လက်သိလိုတာ၊မရှင်းလင်းတာများရှိရင် "ဆက်သွယ်မည်"ကိုနှိပ်ပြီးပြီး မိတ်ဖွဲ့မေးမြန်းလို့ရပါကြောင်း သတင်းကောင်းပါးပါတယ်။


အသက်ရှင်သောဘုရားသခင်၏ကောင်းကြီးမင်္ဂလာများမိတ်ဆွေတို့အပေါ်သက်ရောက်ပါစေ။ အာမင်