ဘုရားသခင်နဲ့ မေးမြန်းခန်း
လူသားတွေဟာ မိမိကိုယ်ကို အားကိုးတတ်ကြတယ်။
ဒါပေမယ့် မိမိမတတ်နိုင်တဲ့ ကိစ္စအရာတွေမှာတော့ မိမိထက် တတ်သိတဲ့သူတွေကို အားကိုးတတ်ကြတယ်။ မိမိတို့ ယုံကြည်သက်ဝင်သော ဘုရားများကိုတော့ ထိပ်ဆုံးကအားကိုးတတ်ကြတာပေါ့။
ဒါကသဘာ၀ပါပဲလေ။
ဘာလို့ဆို လူသားဟာ အကန့်အသတ်နဲ့ ရှင်သန်နေရတဲ့လူသတ္တဝါဖြစ်နေခြင်းကြောင့်ပါ။
ကိုယ်ကတော့ ယုံကြည်ရာဘုရားကို အားကိုးနေပါရဲ့ ထိုအားကိုးသောဘုရားက ဘာမှမတုန့်ပြန် ဆိတ်ငြိမ်နေပြီး ဘာမှမထူးလားခြင်းမျိုး ခံစားဖူးပါလား။
ကြုံဖူးလားပေါ့။ ဒါမျိုးဆို ဘယ်လို တွေးပါသလဲ။
အသက်ရှင်ပြီး လူသားတွေကိုချစ်တဲ့ ဘုရားတစ်ပါးရှိတယ်။
ထိုဘုရားကကော ဆိတ်ငြိမ်နေပြီး ဘာမှတုန့်ပြန်မှုမရှိသော ဘုရားလားဆိုတာကို လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။