ဘုရားသခင်နဲ့ မေးမြန်းခန်း
ကျွန်ုပ်တို့လူသားတွေရဲ့ စိတ်အတွေးတွေထဲမှာ ဘုရားဆိုတာက လူသားတွေကို ကူညီသူ၊ မစသူ၊ ထောက်ပံ့သူ၊ အခက်အခဲများထဲမှ ကယ်တင်ပေးသူ၊
စိတ်အလိုဆန္ဒများကို ပြည့်စုံစေသူ စသည်ဖြင့် ယုံကြည်ခံယူးထားတတ်ကြတယ်။
ဒါတွေနဲ့ ပြည့်စုံတဲ့ဘုရားက ယေရှုဘုရားပဲ ဖြစ်ပါတယ်။ အခုလို ဘာကြောင့်ဝေမျှနေရပါလဲဆိုရင် ယေရှုဘုရားဟာ လူသားတွေကို ဖန်ဆင်းတဲ့သူလည်းဖြစ်တယ်၊ လူသားတို့ကို ချစ်တော်မူတယ်၊ လူသားတို့၏အပြစ်အကုသိုလ်လုပ်ထားမှုကြောင့် အပယ်လားရမည့် အရေးကိုလည်း ကိုယ်စားဖြေရှင်းပေးလျက် အပယ်လမ်းလားရမယ့်အရေးကနေ ကယ်တင်ပေးတဲ့ ကယ်တင်ရှင်လည်းဖြစ်တယ်။
လူသားအားလုံး၏အပြစ်အကုသိုလ်အတွက် လက်ဝါးကားတိုင်ပေါ်တွင် အသေခံအသွေးသွန်းသွားလျက် အသက်တော်ကို စွန့်ခဲ့ပါတယ်။ သင်္ဂြိုလ်ပြီး (၃)ရက်မြောက်တဲ့နေ့မှာ သေခြင်းကိုအောင်တော်မူခဲ့တယ်။ လူသားတွေနဲ့လည်း အစဉ်အတူရှိပြီး လူသားတို့၏ ဆုတောင်းလာမှုတွေ၊ အကူအညီတောင်းလားမှုတွေကို နားညောင်းပေးလျက် ဖြေရှင်းပေးတဲ့ အသက်ရှင်တဲ့ ဘုရားသခင် ဖြစ်တော်မူပါတယ်။
ယေရှုဘုရားက လူသားများ အခက်အခဲဒုက္ခတွေ ရင်ဆိုင်ရချိန်၊ မတရားမှုတွေ ခံနေရချိန်၊ နာကျင်ဝမ်းနည်းမှုတွေကို ခါးစည်းခံနေရချိန်တွင် တိတ်ဆိတ်နေပါသလား။
ဆိတ်ငြိမ်သက်နေပါသလား။
ယေရှုဘုရားသည် တိတ်ဆိတ်စွာဖြင့် ဆိတ်ငြိမ်လျက် တုန့်ပြန်သော ဘုရားမဟုတ်ပါ။ အကြောင်းမှာ ယေရှုဘုရားသည် အသက်ရှင်ပြီး လူသားများကို ချစ်တော်မူသော ဘုရားသခင်ဖြစ်တော်မူခြင်းကြောင့်ပါ။
ယေရှုဘုရား၏ လူသားတို့ကို ချစ်ခြင်း၊ကရုစိုတ်ခြင်း၊အလေးထားခြင်းအရာများကို ဆက်လက်ကြည့်လိုက်ကြရအောင်။