"ဘုရားသခင်က အဓမ္မလူတွေကို ခွင့်လွှတ်ဖြေလျှော့ပေးမှာလား"


ဒီမေးခွန်းကလည်း ခရစ်ယာန်ရော၊ ခရစ်ယာန်မဟုတ်သူတွေပါ သိချင်ကြတဲ့ မေးခွန်းပါ။ ဒီနေရာမှာ အရင်ဆုံး သိမှတ် ရမှာက သမ္မာကျမ်းစာကဖော်ပြတဲ့ ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာရှင်လည်းဖြစ်သလို တရားမျှတခြင်းရဲ့အရှင်လည်း ဖြစ်ပါတယ်။


သမ္မာကျမ်းစာက ဘုရားသခင်ဟာ “ချစ်သနားခြင်း၊ မေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့်ကြွယ်ဝတော်မူထသော၊ အထောင်အသောင်းများသောသူတို့အား သနားခြင်း ကျေးဇူးတရားကို စောင့်တော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကိုလွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီး သက်သက်ဖြေလွှတ်တော်မမူထသော၊ သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်” လို့ (ထွက်မြောက်ရာကျမ်း ၃၄း ၆-၇) မှာ ဆိုပါတယ်။ 


နောက်ပြီး ရောမဩဝါဒစာ(၂း ၃-၅)မှာလည်း “ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိမမှတ်ဘဲ၊ ကြွယ်ဝစွာကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်း တို့ကိုမထီမဲ့မြင်ပြုသလော။ထိုသို့ပြုလျှင် စိတ်ခိုင်မာ၍နောင်တမရသည်နှင့်အညီ

ဒေါသနေ့တည်းဟူသော ဘုရား သခင်၏တရားတော်ထင်ရှားသောနေ့၌ ကိုယ်ခံစရာဘို့ အမျက်ဒေါသကို ဆည်းပူးသလော” လို့ ဖော်ပြပါတယ်။ 


အဓိပ္ပာယ်က (အပေါ်မှာပြောခဲ့သလို) ဘုရားသခင်ဟာ အဓမ္မလူတွေကို သူတို့ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး နောင်တ အစစ်အမှန်နဲ့ ရပ်တန့်၊ စွန့်လွှတ်၊ ဝန်ချတောင်းပန်ပြီး တာဝန်ယူဖို့ အခွင့်အရေးပေးတတ်ပေမယ့်လည်း “အဓမ္မကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီး သက်သက် ဖြေလွှတ်တော်မမူထသော”လို့ သမ္မာကျမ်းစာမှာဖော်ပြထားတဲ့အတိုင်း သူတို့စိုက်ပျိုးခဲ့တဲ့ အဓမ္မပင်ရဲ့အသီးကို

စားစေတတ်ပါတယ်။


အပြည့်အစုံဖတ်ရှုနိုင်ဖို့ အောက်တွင် နှိပ်လိုက်ပါ။

အပြည့်အစုံဖတ်ရှုမည်

ဝေမျှလိုက်ပါ