"ဘုရားသခင်က အဓမ္မလူတွေကို ခွင့်လွှတ်ဖြေလျှော့ပေးမှာလား"
သမ္မာကျမ်းစာထဲမှာ သူ့မယားကိုဖျက်ဆီးမိပြီး သူ့ခင်ပွန်းကို သေစေခဲ့တဲ့ Israel ဘုရင် David ဟာ သူ့ရဲ့နောင်တ စိတ်နဲ့ တောင်းပန်မှုကြောင့် တစ်ဖက်က ခွင့်လွှတ်ခြင်းကိုခံစားရတယ်လို့ ဆိုနိုင်ပေမယ့် သူ့အဓမ္မလုပ်ရပ်ရဲ့အကျိုး ဆက်ဖြစ်တဲ့ သူတို့ရဲ့သား သေဆုံးသွားခဲ့ပြီး၊ အခြားသော သူ့သားသမီးတွေအကြားမှာလည်း ဆိုးရွားတဲ့ ရှက်စရာ ဖြစ်ရပ်တွေ၊ ဖခင်နဲ့သားအကြား ပဋိပက္ခနဲ့ ပုန်ကန်ခြင်းတွေအထိဖြစ်ခဲ့တာကို တွေ့နိုင်ပါတယ်။
သမိုင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ဖက်ဆစ်ဝါဒနဲ့ ဆိုးရွားရက်စက်စွာ စိုးမိုးချယ်လှယ်ခဲ့ကြတဲ့ ဂျပန်တွေဟာ ဆိုးရွားတဲ့အဏုမြူဗုံးဒဏ်ကို ရက်စက်စွာပြန်လည်ခံစားခဲ့ရပါတယ်။
အဏုမြူဗုံးဒဏ်ကြောင့် လူဦးရေ (၃)သိန်းခွဲ ပဲရှိခဲ့တဲ့ ဟီရိုရှီးမားမြို့မှာ ချက်ချင်းဆိုသလို လူ(၇၀၀၀၀)ကျော်သေဆုံးခဲ့ရပြီး၊ နောက်ပိုင်းမှာလည်း တဖြည်း၂နဲ့ ဗုံးဒဏ်ကြောင့် ဓာတ်ရောင်ခြည်သင့်၊ အဆိပ်သင့်ပြီး သေဆုံးရသူ (၁)သိန်းကျော်ထိ ရှိခဲ့ပါတယ်။ နောက်(၃)ရက် အကြာ နာဂါဆာကီမှာ ကျဲချခံရတဲ့ အဏုမြူဗုံးဒဏ်ကြောင့် လူ(၇)သောင်းကျော် ထပ်မံသေဆုံးခဲ့ရပြီး၊ ဂျပန်တွေ လည်း လက်နက်ချလို့ ဒုတိယကမ္ဘာစစ်လည်း ပြီးဆုံးသွားခဲ့ပါတယ်။ ဂျပန်တွေဟာ တစ်ဖက်မှာ ဖွံ့ဖြိုးချမ်းသာ တဲ့နိုင်ငံအဖြစ်သို့ တက်လှမ်းခွင့်ရခဲ့သလို၊ တဖက်မှာလည်း သူတို့ ဘိုးဘေးတွေ စိုက်ပျိုးခဲ့တဲ့ အဓမ္မမှုရဲ့ အဆိပ်တွေကို ရှက်ရွံ့နာကျင်စွာ
ခံစားနေရဆဲ ဖြစ်ပါတယ်။
ဒါကြောင့် “ဘုရားသခင်က အဓမ္မလူတွေ၊ အဓမ္မလုပ်ရပ်တွေကို ခွင့်လွှတ်ဖြေလျှော့ပေးမှာလား”ဆိုတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး ဘုရားသခင်ဟာ သူ့ရဲ့ ဂုဏ်တော်တွေဖြစ်တဲ့ ချစ်ခြင်းမေတ္တာရှင်နဲ့ တရားမျှတခြင်းအရှင်ဖြစ်ခြင်း နှစ်ခုလုံးကို မျှတစွာ ဖော်ဆောင်သွားလိမ့်မယ်လို့ပဲ ဖြေချင်ပါတယ်။
ကျွန်ုပ်တို့ဆီ ရင်ဖွင့်ဆွေးနွေးတိုင်ပင်လိုရင်
ဆက်သွယ်နိုင်ပါတယ်။