"ဘုရားသခင်က မကောင်းမှု၊ အဓမ္မမှုတွေကို ဘာကြောင့် ခွင့်ပြုရသလဲ?"


ပထမမေးခွန်းဖြစ်တဲ့ ‘တန်ခိုးကြီးတဲ့မေတ္တာရှင်ဘုရားသာ တကယ်ရှိတာမှန်ရင် အဓမ္မမှုတွေရှိနေပါ့မလား’ဆိုတဲ့ မေးခွန်းက ခရစ်ယာန်တွေမေးလေ့ရှိတဲ့ မေးခွန်းမျိုး မဟုတ်ပေမယ့်၊ ‘ဘုရားသခင်က မကောင်းမှု၊အဓမ္မမှုတွေကို ဘာကြောင့် ခွင့်ပြုရသလဲ’ ဆိုတဲ့မေးခွန်းကတော့ ခရစ်ယာန်တွေကိုယ်တိုင်

မေးတတ်တဲ့မေးခွန်းဖြစ်ပါတယ်။ 


ဖြေရှင်းချက် (၁) - အပြစ်ရဲ့ ဆိုးရွားတဲ့နောက်ဆက်တွဲအကျိုးဆက်တွေကို သိနားလည်စေဖို့။

ဒီနေရာမှာ ပထမဆုံးတုန့်ပြန်လိုတာက အပြစ်ရဲ့ နောက်ဆက်တွဲအကျိုးဆက်ကို သိနားလည်စေဖို့ ဖြစ်ပါတယ်။ ဘုရားဟာ ချစ်ခြင်းမေတ္တာရှင်ဖြစ်တဲ့အတွက် လူသားတွေကို စိတ်ကြိုက်လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ပေးထား ပါတယ်။ ဒါပေမယ့် ရွေးချယ်မှုတိုင်းမှာ နောက်ဆက်တွဲအကျိုးဆက်ရှိပါတယ်။


စာရေးဆရာ Stephen Covey ပြောခဲ့သလိုပေါ့၊ “ကျွန်တော်တို့ဟာ ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ကိုယ့်လုပ်ရပ်ရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကိုတော့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် မရှိပါဘူး” (We are free to choose our actions, but we are not free to choose the consequences of these actions.) ဥပမာ - အဆီအဆိမ့်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ စားဖို့၊မစားဖို့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဒီရွေးချယ်မှုရဲ့နောက်ဆက်တွဲအကျိုးဆက်ကိုတော့ ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။


ဒီလိုပါပဲ .. ငွေကိုတော့ စည်းမဲ့ကမ်းမဲ့သုံးစွဲချင်ပြီး ကြီးပွားချမ်းသာချင်လို့မရပါဘူး။ မဆင်မခြင် သောက်စားပျော်ပါးချင်ပြီး ကျန်းမာရေး အန္တရာယ်နဲ့အကျိုးဆက်တွေကို ရှောင်လွှဲချင်လို့ မရပါဘူး။ ဒါကြောင့် မှားယွင်းတဲ့ရွေးချယ်မှုတိုင်းမှာ ဆိုးရွားတဲ့ အကျိုးဆက်တွေ၊ မကောင်းမှုရလဒ်တွေ၊ အနိဌာရုံတွေရှိနေတာကို သိနားလည်စေချင်လို့ဖြစ်ပါတယ်။ အကယ်၍ ဒီလိုဆိုးရွားတဲ့အကျိုးဆက်တွေသာမရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ဟာ ပိုဆိုးတဲ့အဓမ္မမှုတွေကို အတင့်ရဲရဲနဲ့ ပိုပြီး လုပ်ဆောင်သွားနိုင်စရာရှိပါတယ်။ 


အပြည့်အစုံကို ဖတ်ရှုလိုပါက ဒီမှာ နှိပ်လိုက်ပါ


အပြည့်အစုံဖတ်မည်

ဝေမျှလိုက်ပါ