"ဘုရားသခင်က မကောင်းမှု၊ အဓမ္မမှုတွေကို ဘာကြောင့် ခွင့်ပြုရသလဲ?"


ဖြေရှင်းချက် (၃) - ကိုယ်ချင်းစာနာတတ်စေဖို့ ။ 

ကျွန်တော်တို့ဟာ မကောင်းမှု၊ အဓမ္မမှုတွေကို ကိုယ်တိုင်ကြုံတွေ့ခံစားရမှ အဓမ္မလူယုတ်မာတွေရဲ့အကြောင်းနဲ့ သူတို့လက်ထဲက သားကောင်ဓားစာခံတွေရဲ့ဘ၀ကို ပိုပြီးစာနာနားလည်ပေးနိုင်လာ၊ ကိုယ်ချင်းစာရပ်တည်ပေး တတ်လာလေ့ရှိပါတယ်။ အချို့သောအခြင်းအရာတွေက စာထဲဖတ်ရရုံ၊ သတင်းမှာ တွေ့လိုက်ရုံနဲ့ စာနာနားလည် ပေးနိုင်တာမျိုး မဟုတ်ပါဘူး။ ကိုယ်တိုင်ခံစားရမှ မတရားမှု၊အဓမ္မမှုတွေရဲ့အတိမ်အနက်ကို ပိုပြီးထဲထဲဝင်ဝင်

သိရှိနားလည်နိုင်တာမျိုးပါ။


ဂျာမန်လူသာရင် သင်းအုပ်ဆရာ Martin Niemöller ရေးစပ်ခဲ့တဲ့ First they came ဆိုတဲ့ ကဗျာထဲကလိုပေါ့။ မတရားမှု၊ အဓမ္မမှုတွေနဲ့ ကိုယ်တိုင်နဖူးတွေ့ဒူးတွေ့ရင်ဆိုင်တွေ့တဲ့အခါမှပဲ အဓမ္မမှုရဲ့ ရက်စက်မှု၊ ခါးသီးမှုကို သဘောပေါက်နားလည်နိုင်မယ့်လူမျိုးတွေလည်း ရှိနေတတ်လို့ ဖြစ်ပါတယ်။ 


ဖြေရှင်းချက် (၄) - ပိုကောင်းတဲ့အရာတွေ ဖြစ်လာစေဖို့။ 

တခါတရံ ပိုကောင်းတဲ့အကျိုးရလဒ်တွေထွက်ပေါ်လာစေဖို့ မကောင်းမှု၊ အဓမ္မမှုတွေကို ဘုရားသခင်က ခွင့်ပြု ပေးတတ်တာလည်း ရှိနိုင်ပါတယ်။ ဥပမာ - ကိုလိုနီနယ်ချဲ့စနစ်ကို မကောင်းမှု၊ အဓမ္မမှုလို့ သတ်မှတ်လို့ ရပေ မယ့်လည်း တချို့သောတိုင်းပြည်တွေမှာ ကိုလိုနီနယ်ချဲ့မှုကြောင့် ပညာရေး၊ ဖွံ့ဖြိုးရေးတွေအတွက် အခြေခံ လိုအပ်ချက်တွေ တည်ဆောက်ပေးပြီးသလို ဖြစ်သွားတာတွေ တွေ့ရပါတယ်။


သမ္မာကျမ်းစာထဲမှာလည်း အစ်ကိုတွေကမုန်းပြီး လူကုန်ကူးသူတွေထံ ရောင်းစားခံလိုက်ရတဲ့ Joseph ဟာ Egypt နိုင်ငံမှာ ဘုရင်ခံရာထူး၊ ဝန်ကြီးချုပ်ရာထူးလိုအရေးပါဆုံးသူဖြစ်လာတာမျိုးပေါ့။ သူ့အပေါ်ပြစ်မှားကျူးလွန်ခဲ့တဲ့အစ်ကိုတွေကို Joseph ပြန်ပြောခဲ့တဲ့စကားက “you meant evil against me, but God meant it for good (သင်တို့သည် ကျွန်ုပ်ကို ညှဉ်းဆဲ မည်ဟု ကြံကြသော်လည်း၊ ဘုရားသခင်သည် ယနေ့ဖြစ်သည်အတိုင်း လူအများအသက်ချမ်းသာရခြင်းဌာ ကျေးဇူးပြုရန် ကြံတော်မူ၏) လို့ ပြောခဲ့ပါတယ်။


အထင်ရှားဆုံးဖြစ်ရပ်ကတော့ လူ့သမိုင်းရဲ့ အဆိုးရွားဆုံး၊ အရက်စက်ဆုံးနဲ့ အကျည်းတန်ဆုံးပြစ်ဒဏ်တစ်ခုဖြစ်တဲ့ ကားစင်တင်သတ်ခြင်းနဲ့ အသေခံခဲ့တဲ့

ယေရှုဘုရားအားဖြင့် အပြစ်ရှိတဲ့ လူသားတွေအားလုံး အပြစ်ကြွေးနဲ့ ဒဏ်စီရင်ခြင်းကနေ လွတ်မြောက်ခွင့်ရစေခဲ့တဲ့ ဖြစ်ရပ်ပါပဲ။ 


ဖြေရှင်းချက် (၅) - ဘုရားသခင်တပါးတည်းသာ သိနားလည်နိုင်တဲ့ အကြောင်းပြချက်တွေကြောင့်။ 

နောက်ဆုံးအနေနဲ့ အရိုးသားဆုံးဝန်ခံရရင် အချို့သောအဓမ္မမှုတွေကို ဘုရားသခင်က ဘာကြောင့် ခွင့်ပြုခဲ့သလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ အာဏာရှင်ဟစ်တလာလက်ထက် ဂျူး(၆)သန်းကျော် အသတ်ခံရတဲ့ ဖြစ်ရပ်မျိုး၊ ရဝမ်ဒါက လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် လူ(၈)သိန်းကျော်အသတ်ခံခဲ့ရတဲ့ဖြစ်ရပ်မျိုးတွေကို ဘုရားသခင်က ဘာကြောင့် ခွင့်ပြုခဲ့သလဲဆိုတာ ကျွန်တော်မသိပါဘူး။


ဒါပေမယ့် ‘ကျွန်တော်ဘာကြောင့် မသိရသလဲ’ဆိုတာကို ကျွန်တော်သိပါတယ်။ အကြောင်းကတော့ ကျွန်တော်ရဲ့ သိမြင်နားလည်နိုင်စွမ်းက finite အကန့်အသတ်ရှိနေလို့ ပါ။ ဘုရားသခင်ကတော့ infinite အကန့်အသတ်မဲ့ သိမြင်နားလည်နိုင်သူပါ။ ဒါကြောင့် တချို့သောဖြစ်ရပ်တွေ ကတော့ ဘုရားသခင်တစ်ပါးပဲ သိနားလည်နိုင်မယ့်အကြောင်းရင်းတွေကြောင့်လို့ပဲ ဖြေချင်ပါတယ်။


ကျွန်ုပ်တို့ဆီ ရင်ဖွင့်ဆွေးနွေးတိုင်ပင်လိုရင်

ဆက်သွယ်နိုင်ပါတယ်။

ဒီမှာ နှိပ်ပါ ဒီမှာ နှိပ်ပါ