Podcast နဲ့လည်း နားဆင်နိုင်ပါပြီ
မကြာသေးမီက မိတ်ဆွေတစ်ယောက်နဲ့စကားပြောခဲ့ကြရင်း သူက“ လူ့သဘာဝက လုံးဝကောင်းတယ်လို့ငါယုံကြည်တယ်” လို့ သူပြောခဲ့ပါတယ်။
ဒါနဲ့ကျွန်တော်က "ဒါဆိုကမ္ဘာကြီးကိုရောဘယ်လိုထင်လဲ"လို့မေးတဲ့အခါမှာ သူက “ အိုး၊ ကမ္ဘာကြီး ကတော့ရှုပ်ထွေးနေတာပဲလို့ပြန်ဖြေခဲ့တယ်။ ”
ကျွန်တော်က “ ကောင်းပြီ၊ လူတွေသာကောင်းရင်ကမ္ဘာကြီးကဘာလို့ရှုပ်သွားရတာလဲ။ ” ဆိုတာကိုပြောပြပေး
ပါဦးလို့ ပြန်ပြောခဲ့တယ်။
အပေါ်ယံအနေနဲ့ကြည့်ရင်လူေတွကိုကောင်းတယ်လို့ထင်ကောင်းထင်နိုင်တယ်။
ဒါပေမယ့် ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို အနီးကပ်ကြည့်ရင် ကျွန်တော်တို့ဝန်ခံပြောနေကြတာထက် အများကြီးပိုရှုပ်ထွေးပါတယ်။ ဒီလိုအကြောင်းတွေနဲ့ပတ်သက်ပြီး၊ ယေရှုဘုရားကဘာမိန့်ဆိုပြောခဲ့ပါလဲ။ ယေရှုဘုရားမိန့်ဆိုတာကို မပြောခင် ယေရှုဘုရားဟာ အပယ်ခံအများစုအား သနားကြင်နာမှုပြသည့်ပုံစံဖြင့် နေထိုင်ခဲ့သည်။ သူကအမျိုးသားနဲ့အမျိုးသမီးတွေကိုတန်းတူလေးစားမှုပြခဲ့တယ် ဆိုတာကို သမ္မာကျမ်းစာက မှတ်တမ်းတင်ထားပါတယ်။
ဒါပေမယ့်ယေရှုဘုရားက “
လိင်အကျင့်ယိုယွင်းမှု၊ ခိုးမှု၊ လောဘ၊ ငြူစူခြင်း၊ ဆဲဆိုခြင်း၊ထိုမကောင်းမှုအားလုံးသည်အတွင်းမှလာပြီး လူတစ်ဦးကိုညစ်ညူးစေတယ် " လို့ မိန့်ခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့က အဲဒါကို ကောင်းကောင်းဖုံးကွယ်ဖို့ကြိုးစားကြတယ်၊ အတွင်းပိုင်းတစ်နေရာမှာ ကျွန်တော်တို့အားလုံးကိုယ်စီမှာ ပြဿနာတစ်ခု
ရှိတယ်။
“
ပြသနာကကျွန်တော်တို့မှာ ရှုပ်ထွေးတဲ့အရာတွေရှိနေခြင်းပါဘဲ။ ကျွန်တော်တို့က ဘုရားသခင်ရှင်စေလိုသောဘ၀အသက်တာ၊ ဘုရားသခင် လျှောက်လှမ်းစေလိုသော အလိုတော်အတိုင်း အသက်ရှင်တာထက် မိမိအလိုအတိုင်း ရှင်သန်တတ်ကြခြင်းပါဘဲ။
ဘုရားသခင်ထက် အခြားအရာများကို ရွေးချယ်ပြီးအသက်ရှင်ကြတယ်။ ဘုရားသခင်တစ်ပါးတည်းသာလျှင် ကျွန်တော်တို့ရဲ့အသက်တာကို တည်ဆောက်ရန် လုံလောက်ပါတယ်။ ဘုရားသခင်သာလျှင် ကျွန်တော်တို့၏စစ်မှန်တဲ့ ကိုယ်ပိုင်လက္ခဏာနဲ့ ကျွန်တော်တို့ကိုဘယ်သောအခါမျှ မစွန့်လွှတ်နိုင်သောမေတ္တာကို ပေးနိုင်ပါတယ်။ ”