သတင်းကောင်းတခုကို ပြောချင်ပါတယ်။
ဒီသတင်းကောင်းကတော့ ယေရှုဘုရားက ကျွန်တော်တို့ရဲ့အပြစ်ကြောင့် ကမ္ဘာမြေပေါ်သို့ ကြွလာတော်မူခဲ့တယ်။
ဘုရားသခင်အား ဘုရားသခင်ဖြစ်တော်မူသည်ကိုကျွန်တော်တို့က၀န်မခံဘဲငြင်းဆန်သောကြောင့်ဖြစ်ပါတယ်။
ဒါပေမယ့် ဘုရားသခင်က ကျွန်တော်တို့အပေါ်ချစ်ခြင်းမေတ္တာထားမှုကို ရပ်တန့်မှာမဟုတ်ပါဘူး။ သူက ကျွန်တော်တို့ကိုကယ်ဖို့ သူ့ရဲ့တပါးတည်းသော
သားတော်ယေရှုကိုလွှတ်လိုက်ပါတယ်။
ဒါကြောင့် အထက်ခေါင်းစီး မေးခွန်းကိုပြန်သွားရမည်ဆိုလျှင် “လူကောင်းတစ်ဦးဘာကြောင့်ခွင့်လွှတ်မှုလိုအပ်တာလဲ။
”
ဘာကြောင့်လဲဆို တော့ လူကောင်းဆိုတာ ဘယ်မှာမှမရှိခြင်းကြောင့်ပါ။ ကျွန်တော်တို့အားလုံးက ဘုရားသခင်ကို ကိုးကွယ်တာထက် ဘုရားသခင်ဖြစ်ဖို့ ကြိုးစားကြတယ်။
ကျွန်တော်တို့အားလုံးက ခွင့်လွှတ်ခြင်းနဲ့ အသစ်တဖန်စတင်ခြင်းကို လိုအပ်တယ်။ ယေရှုဘုရားက ကျွန်တော်တို့အပြစ်များကို ခွင့်လွှတ်ဖို့နဲ့သူ၏ဝိညာဉ်အားဖြင့် ကျွန်တော်တို့ကို ဘ၀အသက်တာအသစ်မှာ နှလုံးသားအသစ်၊ ဘဝသစ် မျှော်လင့်ခြင်းအသစ်ဖြင့် အသက်ရှင်ရန်ကမ်းလှမ်းနေတယ်ဆိုတဲ့သတင်းကောင်းကို ဝေမျှပေးရင်း ဒီမှာခဏအဆုံးသတ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ ဆက်လက်သိလိုတာ၊မရှင်းလင်းတာများရှိရင် "ဆက်သွယ်မည်"ကိုနှိပ်ပြီးပြီး မိတ်ဖွဲ့မေးမြန်းလို့ရပါကြောင်း သတင်းကောင်းပါးပါတယ်။
အသက်ရှင်သောဘုရားသခင်၏ကောင်းကြီးမင်္ဂလာများမိတ်ဆွေတို့အပေါ်သက်ရောက်ပါစေ။ အာမင်