Podcast နဲ့လည်း နားဆင်နိုင်ပါပြီ

ဘာအ‌ကြောင်းအရာက မိတ်ဆွေကို ဒီလောကကြီးထဲကို ခေါ်လာလဲကျွန်တော်မသိဘူး၊ မိတ်ဆွေရဲ့တန်ဖိုးကိုမိတ်ဆွေကသံသယဝင်နေခြင်းတွေကို   ကျွန်တော်မသိပါဘူး။ မိတ်ဆွေဘ၀ရဲ့အရာရာကိုဘုရားသခင်ကစိတ်ဝင်စားတာကိုမိတ်ဆွေကအံဩနေတယ်ဆိုတာကိုလည်းကျွန်တော်မသိပါဘူး။ 


ဘာပဲဖြစ်ဖြစ် မိတ်ဆွေကို ဒီလောကကြီးထဲကို ခေါ်လာတာဟာမိတ်ဆွေရဲ့ဘ၀က ဘုရားသခင်အတွက် လုံးဝအရေးကြီးကြောင်းကို ကျွန်တော်ပြောချင်တယ်။ မိတ်ဆွေဘ၀ဟာ ဘုရားသခင်အတွက် လုံးဝအရေးကြီးပါတယ်။


ကျွန်တော်မိတ်ဆွေကိုမသိပေမဲ့လည်း ပြောပြချင်တာက မိတ်ဆွေရဲ့ဘ၀ကဘုရားသခင်အတွက် လုံး၀အရေးကြီးရခြင်းရဲ့ခိုင်မာတဲ့အကြောင်းပြချက်

နှစ်ခုကြောင့်လို့‌ဖော်ပြချင်ပါတယ်။


ပထမအချက်ကတော့ ဘုရားသခင်ကမိတ်ဆွေကိုဖန်ဆင်းခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ ဒုတိယအချက်က‌တော့ ယေရှုဘုရားကမိတ်ဆွေအတွက်အသေခံခဲ့သောကြောင့်ဖြစ်ပါတယ်။


သမ္မာကျမ်းစာအစမှာ လူသားတို့ကို ဘုရားသခင်က သူ့ပုံသဏ္ဍာန်အတိုင်းယောက်ျားနဲ့မိန်းမကိုဖန်ဆင်းတယ် ဆိုတာကိုမိတ်ဆွေသိပြီးပါသလားနော်။ ဘုန်းကြီးစွာနဲ့၊ဂုဏ်သိက္ခာရှိစွာနဲ့ဖန်ဆင်းခဲ့တာပါ။ ဘုရားသခင်ကိုယ်တိုင်၊ သူရဲ့ပုံသဏ္ဍာန်အတိုင်းကို ဖန်ဆင်းခြင်းအထွတ်အထိပ်သို့ရောက်အောင် ဖန်ဆင်းခဲ့တာဖြစ်ပါတယ်။ ဒါကအမှန်တကယ်ဖြစ်ပြီး ပထမဦး ဆုံးအမျိုးသားနှင့်အမျိုးသမီးတင်မကဘဲ၊ လူသားတစ် ဦးချင်းစီနဲ့သက်ဆိုင်သလို မိတ်ဆွေနဲ့ ကျွန်ုပ်နှင့်လည်းသက်ဆိုင်ပါတယ်။


ဘုရားသခင်က မိတ်ဆွေကို အသက်ပေးတယ်။ သူ့ရဲ့ပုံသဏ္ဍာန်ကို ကျွန်တော်တို့ဆီကို ထည့်ထားပေးတယ်။ အဆုံးမရှိတန်ဖိုးနှင့်ထိုက်တန်သော ရင်းနှီးမြှုပ်နှံမှုကိုပေးခဲ့ခြင်းဖြစ်တယ်။


မိတ်ဆွေဘ၀အသက်တာက ဘုရားသခင်အတွက် အရေးပါသလားဆိုရင်သိပ်ကိုအရေးပါပါတယ်။ ဘာလို့လည်းဆို ဘုရားသခင်က ကျွန်တော်တို့ကိုဖန်ဆင်းခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။


မိတ်ဆွေပြုသောအရာ၊ မိတ်ဆွေအောင်မြင်မှုများ၊ မိတ်ဆွေရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်နဲ့ မိတ်ဆွေကို အခြားသူတွေကထင်မြင်ယူဆချက်တွေ ဘာပဲဖြစ်ဖြစ်ဖြစ်ဖြစ် ဒါဟာမှန်ပါတယ်။ မိတ်ဆွေဟာဘုရားသခင်ရဲ့ပုံသဏ္ဍာန်နဲ့အညီ ဖန်ဆင်းခံရတာဖြစ်လို့ မိတ်ဆွေရဲ့ဘ၀အသက်တာက ဘုရားသခင်အတွက်            အရေးပါတာဖြစ်တယ်။

ဆက်လက်ဖတ်ရှုမည်

ဝေမျှနိုင်ပါပြီ