ဒါပေမယ့် တစ်ခါတစ်ရံမှာ အဲ့တာတွေကို တကယ်ယုံကြည်ဖို့ ကျွန်တော်တို့ရုန်းကန်ရတယ်။ ကျွန်တော်တို့စိတ်ညစ်တယ်။ကျွန်တော်တို့ရှုံးတယ်။ အခြားသူများကိုစိတ်အနှောင့်အယှက်ဖြစ်စေတယ်။ မိမိတို့ကိုယ်ကိုလည်း စိတ်ပျက်စေတယ်။ ဘုရားသခင်ကိုလည်း စိတ်ပျက်စေပြန်တယ်။
လေးစားမှု၊ချစ်ခြင်းမေတ္တာနဲ့ထိုက်တန်တဲ့ဂုဏ်ကိုဆောင်တဲ့ ဘုရားသခင်အဖြစ် ကျွန်တော်တို့မဆက်ဆံဘူး။ တကယ့်အမှန်တွင်တော့ ကျွန်ုပ်တို့ရဲ့ဘ၀တွေဟာ မကြာခဏဆိုသလိုအတွင်းမှာသာမက အပြင်မှာပါကြေကွဲခြင်းနှင့် ရှုံးနိမ့်ခြင်းတို့ကြောင့် ပျက်စီးတတ်ကြတယ်။
ဒါပေမယ့် ကျွန်ုပ်တို့ရဲ့ဘ၀အသက်တာဟာ ဘုရားသခင်အတွက် အရေးပါနေဆဲဖြစ်ပါတယ်။ကျွန်တော်တို့အပြစ်နှင့် ရှုံးနိမ့်မှုကိုဖြေရှင်းရန် ယေရှုဘုရားကဆင်းကြွလာတာဖြစ်တယ်။ ယေရှုဘုရားကကျွန်တော်တို့ကိုအဆိုးဆုံးမှာမြင်နေရတာတောင်မှ ကျွန်တော်တို့ကိုချစ်နေတုန်းပါပဲ။
ကျွန်တော်တို့အပြစ်အတွက် ပေးဆပ်ဖို့၊ ခွင့်လွှတ်ဖို့လမ်းဖွင့်ပေးဖို့ ကျွန်တော်တို့အတွက် လက်ဝါးကပ်တိုင်မှာ ပေးဆပ်ခဲ့ပါတယ်။ ဘုရားသခင်နှင့်ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးနှင့် အခြားသောသူများနဲ့ အဆက်ဆံရေးပြန်လည်တည်ဆောက်ရန်အတွက်ဖြစ်ပါတယ်။
ဒါက ကျွန်တော်တို့နဲ့မထိုက်တန်ပေမယ့် ယေရှုဘုရားရဲ့ကရုစိုက်ခြင်းက ကျွန်တော်တို့ကို ဘယ်လောက်အရေးထားလဲဆိုတာ မြင်ရပါတယ်။ ကျွန်တော်တို့ဟာဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို တောင်းလျှောက်စရာမလိုဘဲ ရရှိနေကြတယ်။ဒါက ဘာကိုပြနေလဲဆိုရင် ကျွန်ုပ်တို့ရဲ့ဘ၀အသက်တာဟာ ဘုရားသခင်အတွက်အမြဲအရေးကြီးတယ်ဆိုတာကို ပြနေခြင်းပဲဖြစ်တယ်။
ဒါကြောင့် မိတ်ဆွေရဲ့ဘ၀က လောကရဲ့ထိပ်ဆုံးမှာရောက်ရှိခံစားရသည်ဖြစ်စေ၊ ဒါမှအဟုတ်မိတ်ဆွေဘ၀ဟာလုံး၀ရှုပ်ထွေးနေသည်ဖြစ်စေ ဘုရားသခင်က မိတ်ဆွေကိုတန်ဖိုးထားတယ်ဆိုတာကို သိပေးပါ။
ဘာလို့လည်းဆိုရင် ဘုရားသခင်က ကျွန်တော်တို့ကို ဖန်ဆင်းထားတာဖြစ်သလို၊ ကျွန်တော်တို့အတွက် မိမိ၏အသက်တော်ကို စွန့်လွတ်ပူဇော်ခဲ့ခြင်းကြောင့် ဖြစ်တယ်ဆိုတာကိုဝေမျှပေးရင်း ဒီနေရာမှာခဏအဆုံးသတ်လိုက်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ဆက်လက်သိလိုတာ၊မရှင်းလင်းတာများရှိရင် ကျွန်ုပ်တို့နဲ့ ဆက်သွယ်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။