ဒေါသကို ဒေါသနဲ့သာ ဖြေရှင်းရမှာလား

ဒေါသဆိုတာ အဆိုးကြီးတော့ မဟုတ်ပါဘူး။

အရာတစ်ခုခုကို ပြီးမြောက်ဖို့ မိမိကိုယ်ကို ပေးတဲ့ တွန်းအားတစ်ခုလည်း ဖြစ်ပါတယ်လို့ စာတမ်းတွေက ဖော်ပြထားပါတယ်။


ဥပမာ- တစ်စုံတစ်ဦးကနေ အခြားတစ်ဦးကို (သို့မဟုတ်) လူအုပ်စု တစ်စုစုတို့ကို နာကျင်အောင် ပြုလုပ်နေခြင်း၊ မတရားမှု ပြုနေတယ်ဆိုတာကို သိရှိထားသူ ကျွန်ုပ်တို့အနေနဲ့ ဂရုဏာဒေါသတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုဂရုဏာဒေါသ အစား ကျွန်ုပ်တို့ကိုယ်တိုင်လည်း ခံစားရတဲ့အချိန်မှာ စိတ်ဆိုးပြီး ဖြစ်လာတဲ့ ဒေါသတို့အတွက်တော့ မိမိကိုယ်တိုင် ကြိုးစားပြီး ဖယ်ရှားဖို့ တာဝန်ယူရပါတယ်။ များသောအားဖြင့် ဒီလိုအချိန်မျိုးမှာ ကျွန်ုပ်တို့ရဲ့ ဒေါသဟာ ထွက်ပေါ်လာတတ်ပါတယ်…


 • ခွဲခြားဆက်ဆံခံရခြင်း

• ခြိမ်းခြောက်ခံရခြင်း

• လေးစားမှု မခံရခြင်း

• အိပ်မက်တွေအကောင်ထည်ဖော်နေချိန် ဖျက်ဆီးခံရခြင်း “ဒီလို တစ်ဖက်သားကနေ ကျွန်ုပ်တို့ကို ပြုမူတာကြောင့် ဒေါသဆိုတာ ထွက်သင့်ပါတယ်။


ပြီးရင် "ဒေါသနဲ့ တုံ့ပြန်မှ ရမယ်လေ ဒါမှ ကျွန်တော်၊မ ကို သူတို့ကြောက်သွားမှာပေါ့။ ဆိုရင် နောက် ဘယ်တော့မှ ဆက်လုပ်ရဲတော့မှာ မဟုတ်ဘူးလေ” ဆိုပြီး ကျွန်ုပ်တို့ ပြန်လည် ပြောတတ်ကြပါတယ်။


ဒီလို မီးကို မီးနဲ့ တုံ့ပြန်မှုက အဖြေမဟုတ်ဘူး လို့ ပြောရင် သင်အံ့သြသွားမလား။


ပိုမိုကောင်းမွန်တဲ့ နည်းလမ်းကို သင်သိဖို့ ရင်ခုန်နေပြီ ထင်ပါတယ်။


ဆက်လက်လေ့လာမည်ကို နှိပ်ပါ


ဆက်လက်လေ့လာမည်