စိတ်ရှည်တဲ့သူက ခွန်အားကြီးသူထက် ပိုကြီးမြတ်ပါတယ်

ကျွန်ုပ်တို့ကတော့ ဒေါသသာ ထွက်လိုက်တာပါ။


ဒါပေမဲ့ အခြားတစ်ဖက်သားမြင်တာကတော့ ဒေါသလို့ မမြင်ပါဘူး ကြမ်းတမ်းတဲ့အပြုအမူနဲ့ ဆက်ဆံနေတဲ့သူလို့ မြင်သွားတတ်ကြပါတယ်။

ဒါကြောင့်မို့ မိသားစု၊ကျောင်း၊အလုပ်ခွင်၊သူငယ်ချင်း၊ပတ်ဝန်းကျင်ကလူတွေနဲ့ ဆက်ဆံရာမှာ အဆင်မပြေမှုတွေ ဖြစ်သွားတယ်ဆိုတာ ကျွန်ုပ်တို့ကို ကြမ်းတမ်းတဲ့သူလို့ ခံယူသွားကြလို့ ဖြစ်ပါတယ်။


လူတွေရဲ့ အမြင်ကတော့ အရေးမကြီးပါဘူးလို့ သင်တွေးနေမိလား။


အမြဲ ဒေါသတွေနဲ့ ဆူပူကြိမ်းမောင်းနေတဲ့ အိမ်ကိုလည်း ဘယ်သူငယ်ချင်း၊ ကောင်းတဲ့ ဧည့်သည်တွေက လာရောက်လည်ပတ်ချင်မှာလဲ။


“စိတ်ဆိုးတတ်သော သူသည် ခိုက်ရန်အမှုကို နှိုးဆော်တတ်၏။ ဒေါသကြီးသော သူသည်လည်း လွန်ကျူးခြင်းများတတ်၏” သုတ္တံကျမ်း ၂၉း၂၂


 ဒါကြောင့်မို့ ဧဖက် ၄း၂၆ ကျမ်းချက်မှာ ပြောထားပါတယ် “အမျက်မပြေဘဲ နေမဝင်စေနှင့်” မိမိကိုယ်ကို မင်္ဂလာတဲ့သူတစ်ဦးအနေနဲ့ နေထိုင်ပါပြီ ဒါပေမဲ့ အခြားတစ်ဖက်က ဒေါသထွက်နေတဲ့သူတွေကို ဘယ်လို ပညာပေးရမလဲ ဆိုတဲ့ အတွေးအတွက် အဖြေကတော့........


“စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူထက်၎င်း၊ မိမိစိတ်ကို ချုပ်တည်းသောသူသည် မြို့ကို တိုက်ယူသောသူထက်၎င်း၊ သာ၍ ကောင်း၏” သုတ္တံကျမ်း ၁၆း၃၂


ယှဉ်ပြိုင်ဖို့မလိုဘဲ ဘယ်သူက အောင်မြင်သူဖြစ်ပြီး၊ ဘယ်သူက ကျရှုံးသူ ဖြစ်သွားမလဲဆိုတာကို သင် ကောင်းမွန်စွာ သိမြင်ပြီထင်ပါတယ်။


သူတို့ရဲ့ အပြုအမူဘယ်လိုဖြစ်နေပါစေ ကျွန်ုပ်တို့ဘက်ကနေ မလုပ်သင့်တဲ့ အရေးကြီးဆုံးအရာတစ်ခုကတော့ “သူတစ်ပါးကို အပြစ်မစီရင်ကြနှင့်” ယေရှုဘုရား


ဆက်လက်လေ့လာမည်ကို နှိပ်ပါ

ဆက်လက်လေ့လာမည်