"ဆင်းရဲဒုက္ခပြဿနာ"


ကျွန်တော်တို့ဝေမျှပေးခဲ့အချက်တွေကို အနည်းငယ် ပြန်ကောက်ရမယ်ဆိုရင် လောကဒုက္ခဆင်းရဲမှုတွေ၊နာကျင်မှုတွေဖြစ်ရတဲ့အကြောင်းအရင်းများစွာ

ရှိတယ်။


လူတွေရဲ့အမှားတွေကြောင့်၊ ပျက်စီးတတ်တဲ့လောကသဘာ၀ကြောင့်၊ ဘုရားသခင်ရဲ့အလိုတော်ကြောင့် စသည်ဖြင့် ဖေါ်ပြခဲ့တယ်။ နောက်တချက်က

ဒီလောကကမ္ဘာကြီးဟာ မတည်မြဲတဲ့နေရာ ဖြစ်တယ်။ မတည်မြဲတာကြောင့်လည်း ဆင်းရဲခြင်းတွေ၊ ဒုက္ခဝေဒနာခံစားရခြင်းတွေဟာ ဆက်လက်ပြီးတော့

ရှိနေဦးမှာဖြစ်တယ်။ ဒီနာကျင်မှုဒုက္ခတွေကို မခံစားချင်ဘူးဆိုရင်တော့ ဒီကမ္ဘာမှမနေမှဘဲဖြစ်မယ်လို့ ဆိုရမှာဖြစ်တယ်။


ဘယ်လိုသောဆင်းရဲဒုက္ခတွေ၊ နာကျင်မှုတွေကြုံနေရပါစေ။ ဒါကို ဘုရားသခင်သိပြီး နားလည်ပါတယ်။ ဘာလို့ဆိုရင် ယေရှုဘုရားကိုယ်တိုင်က လူသားများကိုကယ်တင်ဖို့ ဆင်းရဲဒုက္ခတွေပြည့်နေတဲ့လမ်းကို ရွေးခဲ့တယ်။ ဒီလမ်းကိုလျှောက်ဖို့ကိုလည်း အဖဘုရားသခင်ကိုယ်၌က အလိုရှိတာဖြစ်တယ်။

ဒီလိုဆင်းရဲဒုက္ခလမ်းကို ယေရှုဘုရားမလျှောက်ခဲ့ဘူးဆိုရင် လူသားတွေဟာ အပယ်ငရဲမှာ ထာ၀စဉ် နေသွားရမှာဖြစ်တယ်။


လူဟာ တဘက်မှာ ဒုက္ခဆင်းရဲတွေရဲ့ဒဏ်ကို အလူးအလဲ ခံစားနေရသလို၊ တဘက်မှာလည်း မိမိပြစ်မှားကျူးလွန်တဲ့အပြစ်တွေကြောင့်လဲ အပယ်ငရဲလားရဖို့ သေချာနေပါတယ်။လောကမိဘတွေတောင် သူတို့သားသမီးတွေ ဆင်းရဲဒုက္ခတွေနဲ့ ဖြတ်သန်းနေချိန်မှာ သူတို့နဲ့အတူရှိပေးနေတယ်ဆိုရင် မေတ္တာတော်ရှင်ဘုရားသခင်ကို ကျွန်တော်တို့နဲ့အစဉ်ရှိနေမှာဖြစ်တယ်။ 


ဆက်လက်သိနိုင်ပါတယ်။

ဆက်လက်လေ့လာမည်