"ဆင်းရဲဒုက္ခပြဿနာ"


ဘုရားသခင်ဟာ အသက်ရှင်တဲ့ဘုရားသခင်ပါ။


ဖြစ်ပျက်နေတာတွေအားလုံးကို ဘုရားသခင်သိနေပါတယ်။ သူအလုပ်လုပ်နေပါတယ်။ ဒါကို သိရှိပြီးစိတ်ချဖို့ လိုပါတယ်။ ယခုနကပြောခဲ့သလိုမျိုးပဲ

လောကကြီးမှာ နေထိုင်မယ်ဆိုရင်တော့ ဒုက္ခဆင်းရဲတွေဟာရှိနေပြီး လူသားတွေခံစားနေရဦးမှာပဲ ဖြစ်တယ်။ ဒီလိုဆင်းရဲဒုက္ခတွေရှိသလိုပဲ ကျွန်တော်တို့တွေကိုကူညီပေးမယ့် ဘုရားသခင်ဟာလည်း ကျွန်တော်နဲ့မခွဲမခွါဘဲ ဆက်လက်ရှိပေးနေဦးမှာပဲ ဖြစ်တယ်။ မိတ်ဆွေကဘုရားသခင်ကို အကူအညီ တောင်းနိုင်ပါတယ်။မရင့်ကျက်တဲ့လူသားတစ်ယောက်အဖြစ် ဘုရားသခင်က အသက်ရှင်စေလိုမှာတော့ မဟုတ်ပါ။


ဒါ့အပြင် နောင်တမလွန်မှာလည်း အပယ်ငရဲမလားရစေဖို့ ယေရှုဘုရားကို ယုံကြည်လို့ ရနိုင်ပါတယ်။ ယေရှုဘုရားဟာ လူသားအားလုံးတို့၏အပြစ်များအတွက် မိမိကိုယ်ကိုပေးဆပ်လျက် အသေခံပေးသွားခဲ့ပါတယ်။


အသွေး၊ အသက်ကို ပေးခဲ့တာဖြစ်ပါတယ်။ သေပြီးသင်္ချိုင်းမှာ သဂြိုလ်ခြင်း ခံခဲ့ပါတယ်။ ဒါပေမယ့် သဂြိုလ်ပြီး(၃)ရက်မြောက်တဲ့နေ့မှာ ယေရှုဘုရားဟာ

သေခြင်းကိုအောင်တော်မူခဲ့ပြီး ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ လူသားများအပြစ်ဆေးကြောပေးဖို့ သန့်ရှင်းတဲ့ယေရှုဘုရားရဲ့အသွေးကို ပေးခဲ့တယ်။

သူ့အသက်တော်ကိုစွန့်ခဲ့တယ်။ ပြန်လည်ရှင်ပြန်ထမြောက်ခဲ့တယ်။ သူ့ရဲ့အပြစ်ဆေးကြောခြင်းဟာ ၁၀၀% အာမခံတာဖြစ်တယ်။


လူဟာ လောကသေခြင်းပြီးရင် နောင်ဘ၀မှာ အပယ်လုံး၀မလားရတော့ဘဲ ကောင်းကင်ဘုံမှာ ဘုရားသခင်နဲ့အစဉ် အတူရှိသွားရမှာပါ။ စာဖတ်လေ့လာသူမိတ်ဆွေအနေနဲ့ဒီလောကမှာ ဆင်းရဲဒုက္ခတွေထဲမှာ ရင့်ကျက်သောလူသားတစ်ဦးအနေနဲ့ ရှင်သန်လိုတယ်၊ မိမိရဲ့အပြစ်အကုသိုလ်ပြစ်ကြွေးတွေကိုလည်း

ကြေစေချင်တယ်။ နောင်ဘ၀တွင်လည်း အပယ်မလားလိုဘူးဆိုရင် ယေရှုဘုရားကို မိမိရဲ့အပြစ်အကုသိုလ်များကို ဖြေရှင်းကယ်တင်ပေးခဲ့သော ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံဖို့ လိုပါတယ်။


မိတ်ဆွေအနေနဲ့ ယေရှုဘုရားကိုကယ်တင်ရှင်အဖြစ်ယုံကြည်လိုတယ်၊ ကိုးကွယ်ဆည်းကပ်လိုတယ်ဆိုရင် ရှေ့စာမျက်နှာကို သွားလိုက်ကြရအောင်။

ဆက်လက်လေ့လာမည်