"ဆင်းရဲဒုက္ခတွေကိုကြုံတွေ့ဖို့ ခွင့်ပြုပေးတဲ့ ဘုရားသခင်ကို ကောင်းမြတ်တယ်လို့ ဆိုနိုင်ပါ့မလား"


ဘုရားသခင်ဟာ အချိန်တိုင်း ကောင်းမြတ်တယ် (God is good all the time) ဆိုပြီး ခရစ်ယာန်တွေ မကြာခဏ ပြော တတ်ကြပါတယ်။ ဒီစကားမှာ ဘုရားသခင်ကောင်းမြတ်တယ် God is good ဆိုတဲ့အပိုင်းနဲ့ အချိန်တိုင်း All the time ဆိုတဲ့အပိုင်းဆိုပြီး နှစ်ပိုင်းရှိတာတွေ့ရမှာပါ။ ဘုရားသခင် ကောင်းမြတ်တာကိုတော့ သံသယမရှိပေမယ့် အချိန်တိုင်း ဆိုတာကတော့ သံသယဖြစ်စရာပါ။ ဥပမာ - ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပါလျှက်နဲ့ မဖယ်ရှားပေးတဲ့ အပြင်၊ ဆင်းရဲဒုက္ခတွေကိုကြုံတွေ့စေဖို့ ခွင့်ပြုပေးတဲ့ဘုရားဟာ တကယ်ပဲ ကောင်းမြတ်တာ သေချာရဲ့လား? ဒီမေးခွန်းဟာ လူတိုင်း ဘ၀တကွေ့မှာ သံသယဖြစ်ပြီး မေးတတ်တဲ့မေးခွန်းမျိုး ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အခုလို တုန့်ပြန်ဖြေဆိုလိုပါတယ်။ 


ဖြေရှင်းချက် (၁) - ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းဆိုတဲ့ ဂုဏ်တော်နှင့်စရိုက်လက္ခဏာဟာ မဖောက်ပြန်နိုင်ဘူး။

ဒီနေရာမှာ အရင်ဆုံးဖြေဆိုချင်တာကတော့ ‘ဘုရားသခင်ဟာ သူ့ရဲ့ဂုဏ်တော်ဖြစ်တဲ့ ကောင်းမြတ်ခြင်း(Goodness)ကို ဆန့်ကျင်ပြီး ဘာမှလုပ်လို့ မရဘူး’ ဆိုတာပါပဲ။ တနည်းအားဖြင့် ဘုရားသခင်ဟာ သူ့ရဲ့ပင်ကိုယ်သဘောသဘာ၀အရ ကျွန်တော်တို့ကို နစ်နာအောင်၊ ကိုယ်ကျိုးနည်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်လို့မရဘူးလို့ ဆိုလိုချင်တာပါ။


ဘ၀မှာ ကျွန်တော်တို့ကြုံတွေ့ဖို့ ဘုရားခွင့်ပြုတဲ့အရာအားလုံးကို ကျွန်တော်တို့ သဘောကျချင်မှ ကျပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အကျိုးအတွက်ရည်ရွယ်ပြီး ခွင့်ပြုတဲ့အရာတွေပဲ ဖြစ်ပါတယ်။ ဥပမာ - မိခင်စိတ်၊ ဖခင်စိတ်၊ မိဘစိတ် အပြည့်အ၀ရှိသူတိုင်းဟာ သားသမီးတွေအကျိုးနည်းအောင်၊ ထိခိုက်နစ်နာအောင် ဘယ်လိုမှ မလုပ်နိုင်သလိုမျိုးပေါ့။


ဒါပေမယ့်လည်း ဒီလိုမိဘတွေစီစဉ်ပေးသမျှကို သားသမီးတွေက သဘောတူချင်မှ တူပါလိမ့်မယ်၊ သဘောကျချင်မှ ကျပါလိမ့်မယ်။ ဒါပေမယ့် သားသမီးတွေရဲ့ ကောင်းကျိုးချမ်းသာအတွက်သာ မိဘတွေက ရည်ရွယ်စီစဉ်ပေးကြတာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာက “သင်​တို့​ဟာ မ​ကောင်း​တဲ့သူ၊ မပြည့်စုံတဲ့သူတွေဖြစ်ပေမယ့် ကိုယ့်သားသမီးအတွက် ဆိုရင် ကောင်းတဲ့အရာကိုပဲ ပေးချင်ကြတယ်ဆိုရင်၊ ကောင်းကင်ဘုံက အဖဘုရားသခင်က သူ့ရဲ့သားသမီးတွေကို ပိုပြီးကောင်းမြတ်တာတွေ ပေးမယ်မဟုတ်ဘူးလား” လို့ ဆိုပါတယ်။


ဒါကြောင့် ကျွန်တော်တို့ မနှစ်သက်တာတွေကို ဘုရားသခင်က ကြုံတွေ့စေရင်တောင် ဘုရားသခင်မှာ မကောင်းတဲ့စိတ်ကူးနဲ့ ရည်ရွယ်ချက်လုံး၀မရှိဘဲ ကောင်းကျိုး အတွက်ပဲ စီစစ်ပြီး စီစဉ်ခွင့်ပြုတဲ့အရာဖြစ်တာကြောင့်၊ ဒါတွေကို ကြုံတွေ့စေလို့ ဘုရားဟာ မကောင်းပါဘူးလို့ မဆို နိုင်ပါဘူး။ သမ္မာကျမ်းထဲမှာ

ပရောဖက်ယေရမိပြောတဲ့အတိုင်း “ဆင်းရဲစေချင်သောစိတ်နှင့် လူသားတို့ကို ညှင်းဆဲ၍ ဝမ်းနည်းစေတော်မူသည်မဟုတ်” ဆိုတဲ့စကားဟာ အမြဲမှန်ကန်နေမယ့်သစ္စာစကားဖြစ်ပါတယ်။


အပြည့်အစုံဖတ်ရှုနိုင်ဖို့ အောက်တွင် နှိပ်လိုက်ပါ။

အပြည့်အစုံဖတ်ရှုမည်

ဝေမျှရန်