"ဆင်းရဲဒုက္ခတွေကိုကြုံတွေ့ဖို့ ခွင့်ပြုပေးတဲ့ ဘုရားသခင်ကို ကောင်းမြတ်တယ်လို့ ဆိုနိုင်ပါ့မလား"


ဖြေရှင်းချက် (၂) ကောင်းမြတ်ခြင်းကို တိုင်းတာတဲ့စံနှုန်းသတ်မှတ်ချက်ကိုလည်း ထည့်စဉ်းစားရပါမယ်။ 

ဒုတိယအနေနဲ့ တစုံတယောက်ဟာ ကိုယ့်အပေါ်ကောင်းတယ်/မကောင်းဘူးဆိုတာကို ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ် တိုင်းတာသလဲဆိုတာကိုလည်း ထည့်စဉ်းစားရပါမယ်။ ကိုယ့်အကြိုက်လိုက်ပြီး အမြဲပြောဆိုလုပ်ဆောင်ပေးတတ်သူ တွေကိုပဲ ကိုယ့်အပေါ်ကောင်းသူတွေလို့ သတ်မှတ်ကြမလားဆိုတာ စဉ်းစားစရာပါ။


“မုသာအလိမ်အညာတွေနဲ့ အနမ်း ခံရတာထက် အမှန်တရားနဲ့ ပါးရိုက်ခံရတာ ပိုကောင်းတယ်”ဆိုတဲ့ ရုရှားစကားပုံလိုပေါ့ - ကျွန်တော်တို့အတွက် ကောင်းတယ်ဆိုတဲ့အရာတိုင်းဟာ ကျွန်တော်တို့အမြင်မှာ/နားမှာ ချိုမြိန်ချင်မှ ချိုမြိန်ပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော် တို့ ကောင်းကျိုးချမ်းသာအတွက် လိုအပ်တဲ့အရာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘုရားသခင် ကောင်းမြတ်တယ်၊ မကောင်းမြတ်ဘူးဆိုတာကို “ကိုယ်ကြုံတွေ့တဲ့အရာတွေကို ကိုယ်ကြိုက်လား/မကြိုက်ဘူးလား”ဆိုတဲ့ ရှုထောင့်ကနေ ကြည့်ရင် အဖြေကတစ်မျိုးဖြစ်မယ်၊ “ကိုယ်ကြုံရတဲ့အရာတွေဟာ ကိုယ့်အတွက် လိုအပ်လား၊ မလိုအပ်ဘူးလား” ဆိုတဲ့ရှုထောင့်ကနေကြည့်ရင် အဖြေက တစ်မျိုးပြောင်းသွားနိုင်ပါတယ်။ 


ဖြေရှင်းချက် (၃) ကောင်းမြတ်ခြင်းကို စဉ်းစားတဲ့အခါ ကျယ်ပြန့်စွာ စဉ်းစားရပါမယ်။ 

တတိယအနေနဲ့ ဘုရားဟာ ကောင်းတယ်/မကောင်းဘူးလို့ ကျွန်တော်တို့ပြောတဲ့အခါ တစ်ဦးတစ်ယောက်ရဲ့ အကျိုး စီးပွားအတွက် ပြောတာလား၊ ဒါမှမဟုတ် အများအကျိုးအတွက်ခြုံငုံပြီး ပြောတာလား၊ (personal interest Vs collective interest)၊ နောက်ပြီး လတ်တလောအကျိုးစီးပွားအတွက်ပြောတာလား၊ ရေရှည်အကျိုးစီးပွားအတွက် ပြောတာလား (short term interest Vs long term interest) ဆိုတာတွေကိုလည်း ထည့်စဉ်းစားရပါမယ်။


တချို့ကိစ္စ တွေဟာ တစ်ဦးတစ်ယောက်အတွက် အကျိုးဖြစ်စေနိုင်ပေမယ့်၊ အများအတွက် အန္တရာယ်ဖြစ်စေနိုင်တယ်၊ ရေတိုမှာ ကောင်းနိုင်ပေမယ့် ရေရှည်မှာ ဒုက္ခပေးတတ်တာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဘုရားသခင်ဟာ ကောင်းမြတ် တယ်၊ မကောင်းမြတ်ဘူးလို့ပြောဆိုနိုင်ဖို့ ကျွန်တော်တို့ ဘယ်လောက်အထိ ကြီးမားကျယ်ပြန့်စွာ စဉ်းစားမျှော်မြင်နိုင် သလဲ ဆိုတာနဲ့ ဆိုင်ပါတယ်။ ကျွန်တော်တို့ဟာ တကိုယ်ရည်စာ၊ အဖွဲ့အစည်းတစ်ခုစာလောက် မျှော်မြင်နိုင်ရုံနဲ့ မပြီး သေးပါဘူး၊ Community တစ်ခု၊ လူမျိုးစုတစ်စုအတွက် မျှော်မြင်နိုင်ဖို့လည်းလိုပါတယ်။


နောက်(၄-၅-၁၀)နှစ်အတွက် လောက်သာ မျှော်မြင်နိုင်ရုံနဲ့ မလုံလောက်သေးပါဘူး၊ နောက်မျိုးဆက် (၃-၄)ဆက်စာအတွက်လည်း မျှော်မြင်နိုင်ဖို့ လို ပါတယ်။ ဒီလိုရှုထောာင့်စုံကနေ ခြုံငုံသုံးသပ်ကြည့်မိတဲ့အခါ ‘ဘုရားသခင်က ဆင်းရဲဒုက္ခတွေကို ကြုံတွေ့စေရင်လည်း  ကောင်းမြတ်နေဆဲပါပဲ”ဆိုပြီး ကျေနပ်စွာလက်မခံနိုင်ရင်တောင် ဒီအဆိုဟာ ငြင်းရခက်တဲ့အဆိုမှန်း သိမြင်လာမှာပါ။


ကျွန်ုပ်တို့ဆီ ရင်ဖွင့်ဆွေးနွေးတိုင်ပင်လိုရင်

ဆက်သွယ်နိုင်ပါတယ်။

ဆက်သွယ်မည် ဆက်သွယ်မည်