ခွင့်လွှတ်ခြင်း


ခွင့်လွတ်ခြင်းဆိုတာလွယ်သလားဆို မလွယ်ပါဘူး။

မဖြစ်နိုင်ဘူးလားဆိုတော့လည်း ဖြစ်နိုင်ပါတယ်။ မဖြစ်နိုင်တဲ့ အချိန်များလည်းရှိမှာပါ။

ဘာလို့ မဖြစ်နိုင်ရတာလည်းဆိုရင် ခွင့်လွတ်ခြင်းမရှိခြင်းကြောင့်ပဲ ဖြစ်မှာပါ။

ခွင့်လွတ်ခြင်းမှာ ခံစားနာကျင်ရသော နာကျင်မှု အကြီးအသေးပေါ်မမူတည်ဘူးလို့ ထင်တယ်။

လူသားတစ်ဦးရဲ့နှလုံးသားဟာ အမုန်းတရားတွေနဲ့ပြည့်စေဖို့မဟုတ်ဘဲ အကြင်နာတရား၊ စာနာမှုတွေ၊ ခွင့်လွတ်မှုတွေနဲ့ ပြည့်စေဖို့ ဖြစ်ရမယ်လို့ဆိုရင် စာဖတ်သူလက်ခံမယ်လို့ ထင်တယ်။

ဟိုလိုနာကျင်ရလို့၊ ဒီလိုနာကျင်ရလို့ ခွင့်မလွတ်နိုင်ဘူးဆိုပြီး မရှိရဘဲနဲ့ ခွင့်လွတ်ခြင်းဟာ အကြောင်းပြချက်မရှိသင့်ပဲ ရှိရမှာပါ။

လူသားတိုင်းကိုချစ်တဲ့ ကယ်တင်ရှင်ယေရှုဘုရားက ဒီခွင့်လွတ်ခြင်းနဲ့ပတ်သက်ပြီး ဘယ်လိုသွန်သင်ထားလည်းဆိုတာက ရှေ့မှာဆက်လက်လေ့လာကြရအောင်။

ဆက်လက်လေ့လာမည်