ခွင့်လွှတ်ခြင်း
ကယ်တင်ရှင်ယေရှုဘုရားက လူသားများကျူးလွန်ခဲ့သော အကုသိုလ်ပြစ်ကြွေးများကို သူ၏အသက်၊အသွေးကို စတေးလျက် ဆေးကြောပေးခဲ့ပြီး
သင်္ဂြိုလ်ပြီး(၃)ရက်မြောက်သောနေ့မှာ သေခြင်းကို အောင်ခဲ့ပြီး ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ သူကိုယ်တိုင် လူသားများ လွန်ကျူးသော အကုသိုလ်ပြစ်ကြွေးများကို ခွင့်လွတ်ပေးခဲ့သလို လူသားအခြင်းခြင်းကိုလည်း ခွင့်လွတ်ခြင်းရှိစေဖို့ မိန့်ကြားခဲ့ပါတယ်။
အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။
( ဧဖက်ဩဝါဒစာ ၄:၃၂ )
ဒီ ( ဧဖက်ဩဝါဒစာ ၄:၃၂ ) ကျမ်းပိုဒ်ထဲမှာဆိုလျှင် တစ်ပါးသူ၏အပြစ်ကိုလွှတ်ဖို့မိန့်ကြားထားတာကို တွေ့ရှိရမှာပါ။
ဒီမှာလည်း ထပ်မိန့်ထားပြန်ပါတယ်...
သင်တို့သည် သူတစ်ပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။
( ရှင်မဿဲခရစ်ဝင် ၆:၁၄ )
တစ်ပါးသူရဲ့အပြစ်ကိုလွှတ်မှာသာ ဘုရားသခင်က ကျွန်ုပ်တို့ရဲ့အပြစ်တွေကို ခွင့်လွှတ်မှာဖြစ်ကြောင်း။
နောက်ထပ်ကျမ်းပိုဒ်တစ်ခုမှာကတော့...
တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်
ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကို လွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကို
လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့။
( ကောလောသဲဩဝါဒစာ ၃:၁၃ )
ဒီမှာလည်းပဲ မိမိကိုနာကျင်စေခဲ့သူများကို ခွင့်လွှတ်ခြင်းပြုဖို့ မိန့်ကြားပြန်ပါတယ်။
ခွင့်လွှတ်ခြင်းနှင့်ပတ်သက်ပြီး အမှန်တကယ်အဖြစ်အပျက် videoတခုကို ကြည့်လိုက်ကြရအောင်။