Podcast နဲ့လည်း နားဆင်နိုင်ပါပြီ

ချစ်မေတ္တာရှင်ဘုရားသခင်က လူသားကိုငရဲကို ဘယ်လိုပို့နိုင်ရတာလဲဆိုတဲ့ ဒီအမေးကြီးကအလွန်ကြီမားးတဲ့ အမေးဖြစ်ပြီး၊‌ ကောင်းလွန်းလှတဲ့ အမေးတစ်ခုလည်းဖြစ်ပါတယ်။ အကယ်၍ ဘုရားသခင်က အလွန်ချစ်မြတ်နိုးတတ်ပြီး သမ္မာကျမ်းစာကလည်း သူသည်ချစ်မေတ္တာရှင်ဖြစ်တယ်လို့ ဆိုထားတယ်ဆိုရင် ဘုရားသခင်က မည်သူ့ကိုမျှငရဲသို့ပိုမှာ မဟုတ်ဘူးမလား။


သမ္မာကျမ်းစာက ငရဲကို အလွန်ဆိုးရွားသောနေရာဖြစ်ပြီး လူသားများကို ဘုရားသခင်ပေးတဲ့ ကောင်းသည့်အရာများ ဘာဆိုဘာမျှမရှိသောနေရာဖြစ်တယ်။


ဘုရားသခင်က ချစ်‌မေတ္တာရှင်ဖြစ်တာမလို့လူတိုင်းကို ခွင့်လွှတ်‌ပေးပြီး ကောင်းကင်ကို၀င်စားခွင့်‌ပေးလို့မရနိုင်ဘူးလား။


နောက်ပြီး သူကလူအချို့ကို ငရဲကိုသွားဖို့ ရက်စက်ကြမ်းကြုတ်တယ်လို့ ထင်ရတဲ့နည်းနဲ့ ဘယ်လိုကြောင့်ခွင့်ပြုရတာလဲ။


သမ္မာကျမ်းစာက ဘုရားသခင်ကို ချစ်ခြင်းမေတ္တာရှင်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ချစ်ခြင်းမေတ္တာရှင်ဖြစ်သော်ငြားလည်း လူအချို့ကိုငရဲကိုကျစေမှာကိုလည်းဆိုထားပြန်ပါတယ်။နားလည်စေလိုတာကတော့ ဘုရားသခင်ကချစ်ခြင်းမေတ္တာရှင်ဖြစ်နေခြင်းကြောင့် အရာရာတိုင်းကိုချစ်တယ်လိုမဆိုလိုပါ။


ဘုရားသခင် မချစ်သောအရာများ၊ သူမုန်းသောအရာများရှိပါတယ်။ ဘာတွေလည်းဆိုရင်လူသတ်မှု၊ အလွဲသုံးစားမှု၊ တစ်ကိုယ်ကောင်းဆန်တဲ့မာနများဖြစ်ပြီး  ဒါတွေကိုသူမနှစ်သက်ပါဘူး။


ဒါတွေကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်က ချစ်ခြင်းမေတ္တာရှင်ဖြစ်နေခြင်းကြောင့် မကောင်းသောအရာများကို သူမလိုလား၊ မုန်းတီးမှာဖြစ်တယ်ဆိုတာကိုသိမြင်မိကြမှာပါ။ ကလေးသူငယ်တစ်ဦးကို အနိုင်ကျင့်ခြင်းကဲ့သို့သောအရာတစ်ခုကို ကြည့်ပြီး “ဒါကဘာမှမဟုတ်ပါဘူး”လို့လစ်လျူရှုပြီးပြောခြင်းကဘုရားသခင်ကို အလွန်ချစ်မြတ်နိုးတတ်သောချစ်မေတ္တာရှင်မဟုတ်ဘူးဆိုတာကို ဖေါ်ပြတာနဲ့တူသွားပါတယ်။


ဒါကြောင့်ဘုရားသခင်ကချစ်ခြင်းမေတ္တာရှင်ဖြစ်ပေမယ့်လည်းအရာရာတိုင်းကိုသူမချစ်ကြောင်းသိရှိရပါမယ်။


ပြီးတော့ ဒီမေတ္တာရှင်ဘုရားသခင်က မကောင်းတာတွေကိုမုန်းတဲ့အတွက် လုပ်ဆောင်စရာရှိတဲ့အရာများကို လုပ်ဆောင်ပါတယ်။ ကျွန်ုပ်တို့အားလုံးမှာ      တရားမျှတမှုခံစားချက်ရှိကြပါတယ်။ ဒါ‌ကြောင့် အခြားသူများကို ရက်စက်စွာဆက်ဆံသူများဟာ ဘုရားသခင်ရဲ့ စုံလင်သောနိုင်ငံတော်ထဲ ဝင်ခွင့်မရကြဘဲ 

ပိတ်ပင်ခြင်းခံရကြမှာပဲဖြစ်ပါတယ်။


ဖြောင့်မတ်သောဘုရားသခင်က အမှားအကုသိုလ်ပြုခြင်းကို မုန်းတီးခြင်းနှင့် အပြစ်ပေးစီရင်ခြင်းအားဖြင့် ပြီးပြည့်စုံသောအရာများသာ

သူ၏ပြည့်စုံသောနိုင်ငံတွင်ရှိတာဖြစ်တယ်။

ဆက်လက်ဖတ်ရှုမည်

ဝေမျှနိုင်ပါပြီ