လူသားအားလုံးမှာ မှားယွင်းခြင်းများအတွက် အပြစ်ပေးခံရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ ပြဿနာရှိနေကြလောက်ကြပါတယ်။
ဘာလို့ဆို ကျွန်တော်တို့အားလုံးကပြည့်စုံစွာကောင်းနေကြသူများ မဟုတ်ခြင်းကြောင့်ပါဘဲ။ ဘုရားသခင်ကို သာမကလူသားအချင်းချင်းကိုတောင် မကောင်းကြတာပါ။
ကျွန်တော်တို့တတွေရိုးသားစွာပြောကြကြေးဆိုရင် လူတွေကို ကောင်းကောင်းမဆက်ဆံကြပါဘူး။ လူတွေကိုထိခိုက်နာကျင်စေတယ်၊ သူတို့လိုအပ်ချက်တွေကိုလျစ်လျူရှုကြတယ်၊ ကျွန်တော်တို့ တကယ်အနှစ်သက်ဆုံးလူတချို့ကိုတောင် စိတ်ပျက်မိစေတယ်။
ဘုရားသခင်ကိုလည်း ကျွန်တော်တို့ကို ဖန်ဆင်းသူ၊ကျွန်တော်တို့ရဲ့ဖန်ဆင်းရှင်၊ ကျွန်တော်တို့ရဲ့ဘဝကိုအုပ်ထိန်းသူအဖြစ် ကျွန်တော်တို့ မဆက်ဆံကြဘူး။
ဒါကြောင့် ကျွန်တော်တို့ရဲ့အမှားတွေအတွက်လည်း အပြစ်ပေးထိုက်ပါတယ်။ ကျွန်တော်တို့တကယ်အပြစ်ပေးခံရဖို့ ထိုက်ပါတယ်။ ကျွန်တော်တို့
ရှိသမျှက ငရဲကိုသွားထိုက်ကြတဲ့သူတွေဖြစ်တယ်။ ကျွန်တော်တို့တစ်ယောက်မှမပြီးပြည့်စုံကြပါ။
ဒါကြောင့် ကျွန်တော်တို့ဟာ ပြီးပြည့်စုံတဲ့ဘုရားသခင်၏စုံလင်သော နေရာမှာမနေသင့်ပါ။
ယခုလို ပြောခြင်းကိုကြားရတာ အဆင်မပြေလောက်ဘူးဆိုတာ နားလည်ပါတယ်။ ပြီးတော့ ဒီလိုအကြောင်းတွေကို ဘုရားသခင်မိန့်ခဲ့ပါတယ်။
ပေါ့ပေါ့တန်တန်ပဲ ဘုရားသခင်မိန့်ခဲ့တာမဟုတ်ပါ။
သူကကျွန်တော်တို့ကို မလိုလားလို့မဟုတ်ဘဲ ကျွန်တော်တို့ကိုကရုစိုက်လို့၊ ချစ်လို့သတိပေးရခြင်းဖြစ်ပါတယ်။ သူကကျွန်ုပ်တို့တွေကို လမ်းမှန်ပြပေးသောကြောင့် အံ့သြဖွယ်ကောင်းတာကိုမြင်နိုင်ရန် ကူညီပေးတာပဲဖြစ်တယ်။
အံ့ဩစရာကောင်းတဲ့သတင်းကိုလည်း ပြောခဲ့ပါတယ်။ ဒါက ဘာလဲဆိုရင် ကျွန်တော်တို့အားလုံး အပြစ်ဒဏ်ခံထိုက်သော်လည်း၊ ငရဲသို့သွားထိုက်သော်လည်း ယေရှုဘုရားကိုယ်တိုင်က ကျွန်တော်တို့အတွက် လမ်းခင်းပေးခဲ့သည်။ သူက အပြစ်အကုသိုလ်တွေကိုအကြောင်းမဲ့ ခွင့်လွတ်လိုက်တာမဟုတ်ပါ။
အပြစ်အကုသိုလ်ကျူးလွန်ကြတဲ့ ကျွန်တော်တို့အပြစ်ခံရမယ့်နေရာကို ကျွန်တော်တို့ကိုယ်စား ခံယူပြီးအသေခံခဲ့တယ်။
ကျွန်တော်တို့ရဲ့အပြစ်အကုသိုလ်တွေကိုယူဆောင်သွားပြီး ပေးဆပ်ရမယ့်အပြစ်အကုသိုလ်အဖိုးအခကို သူခံယူပေးခဲ့တာဖြစ်တယ်။
ဘုရားသခင်ဟာ မေတ္တာရှင်ဖြစ်ခြင်းကြောင့်အပြစ်အကုသိုလ်များကို မုန်းပါတယ်၊ ဒါအတွက်အပြစ်ကို စီရင်မှာဖြစ်တယ်။
ဒါပေမယ့် အပြစ်အကုသိုလ်ကျူးလွန်ကြတဲ့လူသားတွေကိုလည်း ချစ်ပြန်တော့လူသားတွေခံရမယ့် အပြစ်ဒဏ်ကို သူခံခဲ့တာဖြစ်တယ်။ ဒါတွေအားလုံးဟာ ဘုရားသခင်ကချစ်မေတ္တာရှင်ဖြစ်ပြီးကျွန်တော်တို့ကိုချစ်တယ်ဆိုတာ ပေါ်လွင်ပါတယ်။
ယေရှုဘုရားကို ကျွန်တော်တို့ဘ၀ကို အုပ်စိုးဖို့အပ်နှံဆုတောင်းလို့ရပါတယ်။ ငရဲကိုလည်း ရှောင်ရှားပြီး သူ၏ပြီးပြည့်စုံသောထာဝရနိုင်ငံတော်မှာ ပျော်မွေ့ရန်မျှော်လင့်နိုင်ကြောင်းကို ဝေမျှပေးရင်ဒီမှာပဲခေတ္တတခဏအဆုံးသတ်လိုက်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ဆက်လက်သိလိုတာ၊မရှင်းလင်းတာများရှိရင် ကျွန်ုပ်တို့နဲ့ ဆက်သွယ်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။