Podcast နဲ့လည်း နားဆင်နိုင်ပါပြီ

ပထမဆုံးပြောရမယ့်အရာက ဝမ်းနည်းစရာကောင်းတဲ့အချက်ပါ။


ဘုရားကျောင်းများဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာကရှိခဲ့ပြီး၊ ကောင်းသောအရာများရှိခဲ့သလို မကောင်းသောအချက်အချို့လည်း ရှိခဲ့တယ်ဆိုတဲ့အချက်ပါ။အလွဲသုံးစားလုပ်သောဘာသာရေးခေါင်းဆောင်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။


ဒီကိစ္စရဲ့အမှန်တရားက လူသားအားလုံးဟာ အပြစ်သားပဲ ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ခရစ်ယာန်ဘာသာဟာ ယေရှုဘုရားရဲ့ အခွင့်အာဏာကို ယုံကြည်ခံယူပြီးသူသွန်သင်တဲ့အမိန့်တော်ရှိတဲ့အတိုင်း လိုက်လျှောက်တဲ့ ဘာသာပါ။ ယေရှုမှာ အခွင့်အာဏာရှိတယ်ဆိုတဲ့ အချက်ဟာဆိုရင် အလွန်မှန်ကန်တဲ့ အချက်ပါ။


ယေရှုလောကကိုကြွလာခဲ့စဉ်က ထူးခြားသောအခွင့်အာဏာရှိသူတစ်ဦးအဖြစ် စကားပြောခဲတယ်။ တကယ်တော့မြေကြီးပေါ်မှာ သူနောက်ဆုံးပြောခဲ့တဲ့အရာက “ကောင်းကင်နဲ့မြေကြီးပေါ်မှာရှိသမျှသောအခွင့်အာဏာအားလုံးကိုငါ့အားပေးအပ်ပြီးပြီ”ဆိုတဲ့အရာပါပဲ။


ယေရှုသည် အမြဲကောင်းမြတ်သောသူ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ဘ၀ထဲမှာ ကျွန်တော်တို့အားလုံးဟာ အာဏာကိုအလွဲသုံးစားလုပ်တာမျိုးကို တွေ့ဖူးကြပါလိမ့်မည်။ ဒါပေမယ့်ယေရှုကတော့ ဘယ်တော့မှ အာဏာကို အလွဲသုံးစားမလုပ်ပါ။ ယေရှုဟာအမှားလည်း ဘယ်တော့မှ မလုပ်ပါ။ ယေရှုက

အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်နိုင်သောကမ္ဘာပေါ်တွင် သူတစ်ဦးတည်းသာဖြစ်ပြီး ၎င်းကလည်းယေရှုကိုဘယ်အခါတွင်မျှ လုံးဝပျက်စီးစေမှာ မဟုတ်ပါ။


သမ္မာကျမ်းစာက ယေရှုကိုကောင်းသောဘုရင်ဖြစ်တော်မူတယ်လို့ ဖေါ်ပြထားပါတယ်။ ကျွန်တော်တို့က သူ့ကိုယုံကြည်တဲ့အခါ သူက ကျွန်တော်တို့အတွက်

ဖြစ်ပြီး၊ ကျွန်တော်တို့ကို ဆန့်ကျင်မှာ မဟုတ်ပါ။


အဓိကအချက်ကတော့ ခရစ်ယာန်ဘာသာဟာဆိုရင် ယေရှုကိုယုံကြည်တာဖြစ်လို့ ယေရှုရဲ့အခွင့်အာဏာဖြစ်လို့ အခြားသူများကို အာဏာကိုအလွဲသုံးစား

လုပ်ပြီး ထိန်းချုပ်ခြင်းမျိုး မဖြစ်သင့်ပါ။


ကျွန်တော်တို့က အသင်းတစ်သင်းမှာ အသင်းဝင်ဖြစ်တယ်ဆိုရင် အဲ့အသင်းက သတ်မှတ်ထားတဲ့စည်းမျဉ်းတွေ ရှိတယ်။ နောက်ပြီး မိသားစုဝင်တစ်ဦး

ဖြစ်တယ်ဆိုရင်လည်း မိသားစုက ချမှတ်ထားတဲ့ မိသားစုစည်းမျဉ်းစည်းကမ်း ရှိတယ်။ ဒီလိုပါပဲ ကျွန်တော်တို့က ယေရှုနောက်ကိုလိုက်ရင် ကျွန်တော်တို့

လုပ်သင့်တဲ့အရာတွေရှိတယ်၊ စည်းမျဉ်းစည်းကမ်းနည်းလမ်းအချို့ ရှိတယ်။

ဆက်လက်ဖတ်ရှုမည်

ဝေမျှနိုင်ပါပြီ