ဒါပေမယ့် ဒါကခြယ်လှယ်တာမျိုး၊ ကြီးစိုးတာမျိုး မဟုတ်ပါ။ ယေရှုက ကျွန်တော်တို့ရဲ့ ဦးနှောက်အသိတရားတွေကို ဖယ်ပြီး၊ ကျွန်တော်တို့ဆန္ဒတွေကို
ဆန့်ကျင်ပြီး ကျွန်တော်တို့ကို အတင်းအကျပ် မလုပ်ပါ။
ဒါပေမယ့် သူက လောကမှာ အခွင့်အာဏာရှိတယ်၊ ပြီးတော့ခရစ်ယာန်တွေအနေနဲ့ သူ့ကိုကျွန်တော်တို့ရဲ့ဘ၀အအသက်တာပေါ်မှာ အခွင့်အာဏာရှိစေချင်ရမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ယေရှုက ကျွန်တော်တို့ကို ဝမ်းမြောက်ရွှင်လန်းမှု၊၊ လွတ်လပ်မှု၊ ကျေးဇူးတော်နဲ့ခွင့်လွှတ်မှုကိုပေးလို့ပဲဖြစ်တယ်။
ဒါတွေအားလုံးက ယေရှုထဲမှာ ရှိထားပြီး၊ သူ့နောက်ကို လိုက်သွားတဲ့အခါ၊ လက်ဝါးကပ်တိုင်မှာ ကျွန်တော်တို့အတွက် လုပ်ခဲ့တာတွေကို ကိုးစားတဲ့အခါ
အဲဒါတွေအားလုံးက ကျွန်တော်တို့ပိုင်နိုင်တယ်ဆိုရင် အဲဒါက သတင်းကောင်းပါပဲ။
ဆိုတော့ အချုပ်အနေနဲ့ပြောရရင် ခရစ်ယာန်ဘာသာဟာ လူတွေထိန်းချုပ်ဖို့နည်းတခုမဟုတ်ဘဲ၊ လူတွေကိုနည်းမှန်လမ်းမှန်စွာနဲ့အသက်ရှင်ဖို့
ယေရှုဘုရား၏ သွန်သင်မှု အခွင့်အာဏာကို ယုံကြည်လျက် အကောင်းဆုံးအသက်ရှင်လျှောက်လှမ်းစေသော ဘာသာဖြစ်တယ်ဆိုတာကို ဝေမျှပေးရင်
ဒီမှာ အဆုံးသတ်လိုက်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ ဆက်လက်သိလိုတာ၊မရှင်းလင်းတာများရှိရင် "ဆက်သွယ်မည်"ကိုနှိပ်ပြီးပြီး မိတ်ဖွဲ့မေးမြန်းလို့ရပါကြောင်း သတင်းကောင်းပါးပါတယ်။
အသက်ရှင်သောဘုရားသခင်၏ကောင်းကြီးမင်္ဂလာများမိတ်ဆွေတို့အပေါ်သက်ရောက်ပါစေ။ အာမင်