Podcast နဲ့လည်း နားဆင်နိုင်ပါပြီ

ပထမဦးစွာပြောလိုတာက ခရစ်ယာန်တစ်ဦးလို့ နာမ်စားတတ်ပြီးပြောသောသူတိုင်းသည် ခရစ်ယာန်တစ်ဦးမဟုတ်ကြောင်း ကျွန်တော်ပြောချင်ပါတယ်။

အချို့လူများက ကြောက်စရာကောင်းသောအရာများကို ပြုလုပ်ပြီး ၎င်းတို့သည် ဘုရားသခင်အတွက် ပြုလုပ်တယ်လို့ပြောဆိုပေမယ့် သူတို့အားလုံးသည်

အမှန်တကယ်ခရစ်ယာန်များလို့ မဆိုလိုနိုင်ပါ။


ဒါ့အပြင် ဒုတိယအနေနဲ့ ခရစ်ယာန်ဘာသာဝင်တွေဟာ အမြဲတမ်းပြီး ပြည့်စုံသူတွေ မဟုတ်ကြပါဘူး။

ခရစ်ယာန်များဟာ တစ်ခါတစ်ရံ မှားတတ်ကြပါတယ်။ လူကို ထိခိုက်စေနိုင်ပါတယ်။ အတိတ်ကခရစ်ယာန်တွေကြောင့် မိတ်ဆွေနာကျင်ခဲ့ဖူးတယ် ဆိုရင်

အဲဒါအတွက် ကျွန်တော်တကယ် စိတ်မကောင်းပါဘူး။


ပြီးပြည့်စုံတဲ့ပုံပန်းသဏ္ဍာန်ကို မိတ်ဆွေသိချင်ရင်တော့ ယေရှုကိုကြည့်ရမယ်။ သူကမည်သည့်အခါမှ စိတ်အနှောင့်အယှက်ဖြစ်စေမှာမဟုတ်သလို၊ အမှားလည်းလုပ်ဖြစ်မှာမဟုတ်ပါ။ သူ့မှာ ပြီးပြည့်စုံတဲ့အခြေအနေသာ ရှိမှာဖြစ်တယ်။ 


ယေရှုဘုရားလောကကြီးတွင် ကြွဆင်းလာခဲ့စဉ်အခါက ဘာသာရေးဆရာကြီး(ဖာရိရှဲ၊ဇဒ္ဒူကဲ)တို့ကိုကြောင်သူတော်တွေလို့ အတိအကျခေါ်ခဲ့ပါတယ်။

ယေရှုဘုရားက သူတို့ကို အပြင်ပန်းသာကောင်းပြီး အတွင်းပိုင်းတွင် အတော်မကောင်းတဲ့သူများလို့ သတ်မှတ်ခဲ့တာ ဖြစ်တယ်။ အလိမ်အညာတွေနဲ့ လူတွေကိုဒုက္ခရောက်စေတဲ့သူတို့ ဆိုပြီးသတ်မှတ်ခဲ့တယ်။ ယေရှုကသူတို့အားလုံးဟာ ဘုရားသခင်ကိုပစ်မှားတဲ့သူတွေလို့ ဖေါ်ပြခဲ့တယ်။


ခရစ်ယာန်တစ်ဦးဖြစ်ခြင်းသည် ဟန်ဆောင်ကောင်းဖို့ မလိုပါ။ မိမိမမကောင်းဘူးဆိုတာကို ၀န်ခံဖို့လိုပါတယ်။ ယေရှုကသူကကောင်းတဲ့လူတွေအတွက်လာတာမဟုတ်ဘူး။ မကောင်းတဲ့သူတွေ တနည်းအားဖြင့် အပြစ်သားတွေအတွက် သူလာခဲ့တာဆိုပြီး မိန့်ခဲ့ပါတယ်။

ဆက်လက်ဖတ်ရှုမည်

ဝေမျှနိုင်ပါပြီ