ကျွန်တော်တို့တွေက အမြဲတမ်းမှန်ကန်တဲ့အရာကို လုပ်တယ်လို့ ဟန်ဆောင်တာကို ယေရှုမလိုချင်ပါဘူး။
သူက ကျွန်တော်တို့လုပ်ခဲ့တဲ့အမှားတွေအတွက် နောင်တရစေချင်တယ်။ ကျွန်တော်တို့လုပ်ရပ်တွေကို ခွင့်လွှတ်လိမ့်မယ်လို့သူပြောခဲ့တယ်။
ဒါကြောင့် ခရစ်ယာန်များက သင့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေပြီး စိတ်ပျက်စေတယ်ဆိုရင် သင်မအံ့သြလိုက်ပါနဲ့။ ခရစ်ယာန်များဟာ ၀မ်းနည်းကြောင်း
ပြောရန်လိုတာကို သိသောသူများ ဖြစ်သည်။
ခရစ်ယာန်တစ်ဦး ဖြစ်လာခြင်းက ဖြစ်လာသူကို နေ့ချင်းညချင်းမပြည့်စုံစေသော်လည်း ၎င်းသည် ထိုသူ၏ နေထိုင်ပုံကိုပြောင်းလဲစေသည်။
ယေရှုနဲ့ ပိုတူလာကြတယ်။ ဘုရားသခင်ကို ပိုချစ်တတ်လာသလိုအချင်းချင်းလည်း ပိုမိုကောင်းမွန်စွာ ဆက်ဆံတတ်လာတာ ဖြစ်တယ်။
ဒါကြောင့် တစ်ခါတစ်ရံမှာ ခရစ်ယာန်များသည် အရေခြုံဟန်ဖြင့်ပြုမူနေသည်ကို သင်မြင်သောအခါ ဤသူများကိုကူညီဖို့ ယေရှုရောက်လာခဲ့ခြင်း ဖြစ်တယ်။ကျွန်တော်တို့ပြောတဲ့အတိုင်း မလိုက်လျှောက်ကြဘူး။ အပြောပဲရှိပြီးလက်တွေ့မရှိတာဖြစ်တယ်။ ခရစ်ယာန်များဟာ သူတို့ စိတ်အနှောင့်အယှက်ဖြစ်လျှင်ဝမ်းနည်းကြောင်းပြောတတ်ကြပြီး ယေရှုထံမှ ခွင့်လွှတ်ခြင်းကိုလက်ခံသူ၊အနာဂတ်၌ ယေရှုနဲ့တူအောင်သူ့အကူအညီကို တောင်းခံသောသူများ ဖြစ်ပါတယ်
ဆိုတာကိုဝေမျှပေးရင်း ဒီမှာ အဆုံးသတ်လိုက်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ ဆက်လက်သိလိုတာ၊မရှင်းလင်းတာများရှိရင် "ဆက်သွယ်မည်"ကိုနှိပ်ပြီးပြီး မိတ်ဖွဲ့မေးမြန်းလို့ရပါကြောင်း သတင်းကောင်းပါးပါတယ်။
အသက်ရှင်သောဘုရားသခင်၏ကောင်းကြီးမင်္ဂလာများမိတ်ဆွေတို့အပေါ်သက်ရောက်ပါစေ။ အာမင်