စိတ်လည်း ကျန်းမာနေဖို့အရေးကြီးပါတယ်

ယေရှုဘုရားပြောတဲ့
“အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်” ဆိုလိုရင်းကတော့ ခံစားချက်ကတွေက နေ့တိုင်း ကျွန်ုပ်တို့ဘဝကို အုပ်စိုးပြီး သခင်က ကျွန်တစ်ဦးကို ခိုင်းစေပြီး သွားလာလှုပ်ရှားခိုင်းနေသလို ဖြစ်နေလို့ပါ။


ကျွန်ုပ်တို့ လူသားတွေက ကိုယ်ခန္ဓာကျန်းမာဖို့ ပုံမှန်လေ့ကျင့်ခန်းလေးတွေလုပ်ကြတယ်၊ ဒီ့အပြင် အစားအသောက်တွေကိုလည်း ချင့်ချိန်ပြီး စားတတ်ကြပါတယ်။ ကျွန်ုပ်တို့ မေ့လျော့ထားလို့ မရတာက စိတ်ပိုင်းဆိုင်ရာမှာလည်း ကျန်းမာနေဖို့ လိုအပ်ကြောင်းပါ။


စိတ်အတွက် လေ့ကျင့်ခန်းနဲ့ ခွန်အားဖြစ်စေတဲ့ စာများ၊ အကြောင်းအရာများကို လေ့လာမှတ်သားပြီး ယုံကြည်ရတဲ့ တစ်စုံတစ်ဦးနဲ့ အချိန်ယူခြင်းတို့ လိုအပ်ပါတယ်။


စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်လာရတာကတော့

 • တစ်စုံတစ်ယောက်ကြောင့် နှလုံးသားတွေ ကွဲအက်သွားချိန်

• မိသားစုဝင်တစ်ဦးတစ်ယောက် ဆုံးပါးသွားချိန်

• မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ သစ္စာဖောက်ခြင်းကို ခံရချိန်

အစရှိတဲ့ အကြောင်းအရာကြောင့်ပင်ဖြစ်စေ အခြားသော ပြဿနာများလည်း ရှိပါသေးတယ်။


ဖော်ပြထားတဲ့ အချက်တစ်ခုခုကို ကြုံလာရပြီဆိုတာနဲ့ ကျွန်ုပ်တို့ ပြောလေ့ပြောထရှိတာကတော့ “မျက်နှာကိုများ ရိုက်လားသလားလို့ ထင်ရလောက်အောင် နာကျင်ပါတယ်” ဘာလို့လဲဆိုတော့ နှလုံးသားနာကျင်ရင် ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးက နှလုံးသားနဲ့အတူ ခံစားနေတာ ဖြစ်ပါတယ်။


ဒါကြောင့်မို့ ကိုယ်ခန္ဓာကျန်းမာရေးကို များစွာ ထိခိုက်နိုင်တဲ့အပြင် အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာလည်း အဆင်မပြေမှုတွေ ကြုံလာနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာဆိုရင် အလုပ်၊ သူငယ်ချင်း၊ မိသားစု၊ ကျောင်း၊ အိမ်နီးနားချင်း အစရှိတဲ့သူတွေပါဝင်တာ ဖြစ်ပါတယ်။


စိတ်ကျန်းမာရေးပိုင်းလည်း ကောင်းပြီး ကိုယ်ခန္ဓာကျန်းမာရေးအတွက်ကိုပါ ကောင်းမွန်ဖို့ ထိရောက်တဲ့ နေထိုင်မှုပုံစံကိုလည်း လိုအပ်သလို၊ ယုံကြည်ရတဲ့ သူတစ်ဦးနဲ့ ဆွေးနွေးတိုင်ပင်ဖို့လည်း လိုအပ်ပါတယ်။


ဆက်လက်လေ့လာမည်ကို နှိပ်ပါ

ဆက်လက်လေ့လာမည်