လှပတဲ့ နှလုံးသားကို ပြန်လည်ပိုင်ဆိုင်ခြင်း
ဒဏ်ရာတွေများနေတဲ့ နှလုံးသားလေးက အရင်လို လှပနိုင်ပါဦးမလားဆိုတဲ့ အတွေးမျိုးနဲ့ ကျွန်ုပ်တို့ စိတ်ပူလေ့ရှိတတ်ပါတယ်။
ကျွန်ုပ်တို့လျှောက်လှမ်းနေတဲ့ ဘဝဆိုတဲ့ ခရီးကို ဒီလို နာကျင်မှုနဲ့ ဆက်လက်သွားဖို့ဆိုတာ မလွယ်ကူလှပါဘူး။ လွတ်လပ်ပြီး အချုပ်အနှောင်မရှိတဲ့ လူတစ်ယောက် ဖြစ်နေဖို့ လွန်စွာမှ အရေးကြီးပါတယ်။
“ဉာဏ်ကောင်းသောသူ၏ စိတ်နှလုံးသည် ပညာအတတ်ကို ရှာတတ်၏” သုတ္တံကျမ်း ၁၅း၁၄ ယင်းဖော်ပြထားတဲ့ ကျမ်းချက်အရ ကျွန်ုပ်တို့ နှလုံးသားလေးကတော့ နာကျင်နေသည်ဖြစ်ပါစေ ပညာအတတ်ကိုလည်း ရှာဖွေဖို့ ကြိုးစားပါတယ်တဲ့။
ဘယ်လို ပညာအတတ်တွေလည်းဆိုရင်တော့ ကျွန်ုပ်တို့ဘဝမှာ လိုအပ်နေတဲ့ နေရာတွေကို ဖြည့်ဆည်းပေးဖို့ပါ။ ဒါပေမယ့် နာကျင်နေတဲ့ စိတ်နှလုံးလေးကို အရင်ဆုံး ပြုပြင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။
“စိတ်ကြေမွသော သူတို့ကို နှစ်သိမ့်စေ၍၊ သူတို့၏ အနာကို ကုတော်မူ၏” ယေရှုဘုရား နှလုံးသားလေးဟာ အရင်ထက် ပိုမိုလှပသွားပြီး သုတ္တံကျမ်း ၁၅း၁၃ အရ “ရွှင်လန်းသော စိတ်နှလုံးသည် ချိုသော မျက်နှာကို ဖြစ်စေတတ်၏” ဆိုတဲ့ မွန်မြတ်လှတဲ့ မျက်နှာထားလေးကိုပါ ရရှိသွားမှာ ဖြစ်ပါတယ်။
ဆက်လက်လေ့လာမည်ကို နှိပ်ပါ