ထပ်မံပြီးတော့ ကြိုဆိုလိုက်ပါတယ်။
မည်ကဲ့သို့သော ခန္ဓာ၊စိတ်မသက်မသာခံစားမှုများဖြစ်နေပါစေ၊ ဖြေရှင်းတတ်ရင် ဖြေရင်းသွားနိုင်ကြပါတယ်။
အတွေ့အကြုံအရ ဘုရားသခင်အားဖြင့် ဖြေရှင်းကျော်ဖြတ်ခြင်းက လုံး၀လုပ်သင့်သောအရာလို့ မှတ်ချက်ပြုချင်ပါတယ်။
ဘာလို့ဆို သူဟာအသက်ရှင်ပြီး လူသားတိုင်းကို သိနေလို့ပါ။ ဆိုတော့ ဘယ်လိုဖြေရှင်းကြမလဲ။
၁။ခံစားနေရသောမသက်မသာခံစားမှုများကိုယခုပင်စတင်ဖွင့်ထုတ်ဖို့ပြင်ဆင်ပါ။
၂။တတ်နိုင်သောဘုရားသခင်ထံယူလာပါ။ သမ္မာကျမ်းစာတော်မြတ်ထဲမှာ ယေရှုဘုရားက ဝန်လေးပြီးပင်ပန်းနေတဲ့သူတွေ သူ့ဆီကိုလာပါ။ သူကူညီပေးမယ်။
သူဖြေရှင်းပေးမယ်ဆိုပြီး ဖေါ်ပြမိန့်ဆို ဖိတ်ခေါ်ထားပါတယ်။
၃။ဘုရားသခင်ထံဆုတောင်းအကူအညီရယူပါ။ဘုရားသခင်မဖြေရှင်းနိုင်တဲ့ကိစ္စဆိုတာမရှိပါဘူး။သူအကုန်ဖြေရှင်းနိုင်ပါတယ်။ယုံကြည်ဖို့ပဲလိုတာပါ။
ဒါကိုလက်တွေ့လုပ်ပြီး အောင်မြင်ခြင်းရရှိနိုင်ဖို့ စလုပ်ချင်တယ်ဆိုရင် ဆက်ကြည့်လိုက်ရအောင်။ ဆက်သွားရအောင်။