လက်တွေ့လုပ်ရမည့်နည်းလမ်းကတော့...
ဘုရားသခင်ထံကိုမိမိမှာရှိနေသော မသက်မသာခံစားမှုတွေ စိုးရိမ်နေမှုတွေ၊ ပူပန်နေမှုတွေ၊ ဝန်ထုတ်ဝန်ပိုးတွေ၊ မျှော်လင့်ချက်ကုန်ခမ်းမှုတွေကို ပုံအပ်ပြီးဆုတောင်းဖို့ပါပဲ။ဘုရားသခင်ပြင်ဆင်ပေးပါလိမ့်မယ်။ ဘုရားသခင်ထံဆုတောင်းလိုပါသလားနော်။
ဆုတောင်းလိုပါက အောက်ပါအတိုင်း ဆုတောင်းနိုင်ပါတယ်။
"လူသားများကိုဖန်ဆင်းပြီးအသက်ရှင်လျက်၊လူသားများကိုမစကူညီပေးနေတော်မူသောဘုရားသခင်၊ကျွန်တော်၊မအခုခံစားနေရသော မသက်မသာခံစားမှုများ၊ ဝန်ထုတ်ဝန်ပိုး၊မျှော်လင့်ချက်ကုန်ခမ်းမှုတွေနဲ့ဘုရားသခင်ထံဝင်လာပါတယ်။
ဘုရားသခင်ကလူသားတို့ရဲ့အခက်အခဲတွေကို မစပေးနေတယ်ဆိုတာကိုကြားခဲ့ရသလို၊ ယုံကြည်သောကြောင့် ကျွန်တော်၊မရဲ့အခက်အခဲများကိုလည်း ဖြေရှင်းကူညီမစပေးဖို့ လာရောက်ဆုတောင်းပုံအပ်တာဖြစ်ပါတယ်။ ကျွန်တော်၊မ၏အခက်အခဲ၊ပြဿနာစိန်ခေါ်မှုများကိုကူညီမစဖြေရှင်းပေးတော်မူပါ။ ဘုရားသခင်ဖြေရှင်းပေးနိုင်တာကို ယုံကြည်လျက်ဆုတောင်းလိုက်ပါတယ်အာမင်"
ဆက်လက်ဆွေးနွေးနိုင်ဖို့ (သို့မဟုတ်) တိုင်ပင်ဖို့ရန် ကျွမ်းကျင်ဆရာ၊မများနဲ့ ဆက်သွယ်လိုပါသလား