သင့်အတွက်မပါဘူးလို့ ထင်ပြီး စိုးရိမ်နေပါသလား။
အရေးကြီးတဲ့ မှတ်ချက်လေးတွေကို ဖော်ပြပေးပါမယ်။
စိုးရိမ်မှုကို ရင်ဆိုင်ပါ
မိမိရဲ့အကြောင်းကို မိမိကိုယ်တိုင် သိဖို့လည်း အရမ်းကို လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ စိုးရိမ်မှုက ဘယ်လိုအချိန်၊ ဘယ်လိုအရာမှာ ပိုပြီး မြှင့်တက်တတ်လဲ ဆိုတာကို သိရှိဖို့ လိုအပ်ပါတယ်။ သဲသဲကွဲကွဲ သိနေဖို့ လိုအပ်တယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။
ဥပမာ-ခုပဲ ထမင်းစားပြီးလည်း အာသာပြေ တခုခုစားချင်သလိုလို၊ စားမယ်ဆိုတော့လည်း ဘာကို စားချင်မှန်းလည်း မသိပြန်တာမျိုး။ စိတ်ကပဲ တောင့်တတာလား၊ ဝမ်းဗိုက်ကပဲ တကယ်မပြည့်သေးတာလား ဆိုတာမျိုးတွေ မရေမရာတဲ့ ခံစားမှုမျိုးတွေ ဖြစ်နေတတ်ပါတယ်။
ပျော်ရွှင်စရာများကို တွေးပါ
သင်ဟာ စိန်ခေါ်မှုအသစ်နဲ့ ဆိုင်ရင်ရတော့မယ်ဆိုရင် ကြိုတင် စိုးရိမ်မှုတွေ မြှင့်တတ်နေပါလိမ့်မယ်။
ဒီလိုအချိန်မျိုးမှာ စိုးရိမ်မှုကြောင့် ထွက်လာတဲ့ ဇောချွေးတွေနဲ့ ကိုယ်လက်ခြေဖျားပါ အေးစက်လာပါလိမ့်မယ်။ အဲလိုအချက်လေးတွေ ဖြစ်နေပြီဆိုရင် စိတ်ကို လျှော့ချလိုက်ပြီး အသက်၀၀ရှုထုတ်လိုက်ပါ။ သင့်ကို ပျော်ရွှင်စေမဲ့အကြောင်းအရာတစ်ခုခုကို ခေါင်းထဲရောက်အောင် ဆွဲတွေးပါ။ မရလည်း အကြိမ်ကြိမ်ကြိုးစားပါ။
ဒါမှ သင်ပြီးမြောက်ချင်တဲ့ အရာတွေကို အာရုံစိုက်လာနိုင်ပြီး ပြီးမြောက်သွားမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်းလုပ်ပါ
တခါတရံ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်အလေးချိန်အချိုးအစားက အတွေးပိုင်းကိုလည်း သွားရောက် လွှမ်းမိုးလေ့ရှိပါတယ်။
ဒါကြောင့်မို့ ကျန်းမာရေးအတွက်ကောင်းမယ်ထင်တဲ့ အစားအစာများကို စားသောက်ပေးပါ။ စိုးရိမ်မှုတွေ မြှင့်တက်လာရင်လည်း လှပတဲ့ ရှုခင်းလေးတွေကို ကြည့်လိုက်ပါ။ အပြင်ကို မသွားနိုင်ရင်လည်း ဖုန်းထဲကနေ ရှာပြီး ကြည့်ရှုလိုက်ပါ။ (သို့မဟုတ်) ထ လမ်းလျှောက်လိုက်တာမျိုးတွေ လုပ်ပေးပါ။
ဖော်ပြခဲ့တဲ့ အချက်တွေနဲ့လည်း အဆင်ပြေမနေသေးဘူးဆိုရင်တော့ တစ်စုံတစ်ဦးနဲ့ ဆက်လက် တိုင်ပင်ဆွေးနွေးဖို့ အကြံပြုပါရစေ။ ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင်ဆရာ၊မများကနေလည်း သင့်ကို လက်ကမ်းကြိုနေတာ ဖြစ်ပါတယ်။