ရင်ဖွင့်ဖို့ တစ်စုံတစ်ဦးကို ပြောပြဖို့ လိုအပ်သလို၊ တိုင်ပင်ဖို့လည်း လိုအပ်ပါတယ်။ ယေရှုဘုရားနဲ့ တိုင်ပင်နိုင်ပါတယ်၊ ပြောပြလို့ ရပါတယ်။ သူ နားထောင်ပေးနေပါလိမ့်မယ်။ ထပ်ပြီး ယေရှုဘုရားကတော့ မိဘလို စောင့်ရှောက်ပေးသူဖြစ်ပြီး ကျွန်ုပ်တို့ လူသားတွေကတော့ သူ့ရဲ့ သားသမီး ဖြစ်ကြတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။

သင့်ရဲ့ စိတ်ကို လွတ်လွတ်လပ်လပ်ထားရှိပြီး ယေရှုဘုရားဆီကို အာရုံထားပါ။ ပြီးရင် လက်အုပ်ချီထားပြီး ဖော်ပြထားတဲ့ ဆုတောင်းချက်ကို လိုက်ရွတ်ဆိုနိုင်ပါတယ်။


ဆုတောင်းချက် - "ယေရှုဘုရား နေ့ရက်စဉ်တိုင်းကို ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ဖို့ ခွန်အားပေးသနားတော်မူပါ။ လက်ရှိအခြေအနေကတော့ ပတ်ဝန်းကျင်မှာလည်း ကြီးနိုင်ငယ်နင်း ပြဿနာတွေအပြင်၊ မတရားတဲ့ နည်းလမ်းနဲ့ အသက်ဆုံးရှုံးနေတဲ့ သူတွေလည်း များစွာ ရှိလှပါတယ်။ ကျွန်ုပ်ကိုယ်တိုင် မြင်နေ၊ ကြားနေရပါတယ်။ ဒီလိုအချိန်မျိုးမှာလည်း ကျွန်ုပ်ကို စိတ်တည်ငြိမ်နိုင်အောင် သင်ပေးတော်မူပါ။ ကြောက်ရွံ့မှု၊ စိုးရိမ်မှုတွေရှိနေတဲ့သူအားလုံးကိုလည်း ကျေးဇူးပြုပြီး ယေရှုဘုရား ကယ်မတော်မူပါ။ အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်ဖို့လည်း မြတ်သော ယေရှုနာမ၌ ဆုတောင်းဆက်ကပ်အပ်နှံပါ၏။ အာမင်။"


သင်ရင်ဆိုင်နေရာတဲ့ စိုးရိမ်မှုတွေကို ဖတ်ရှုခြင်းနဲ့ မလုံလောက်သေးဘူးဆိုရင်လည်း အွန်လိုင်းကနေ စိတ်ချစွာ ပြောဆို၊ ဆွေးနွေးနိုင်မဲ့ ဆရာ၊မ များနဲ့ ဆက်သွယ်မှု ပြုလုပ်ပါ။

ဖုန်းနဲ့အသုံးပြုနေသူများ ဒီမှာ နှိပ်ပါ

ဆက်သွယ်မည်

ကွန်ပြူတာနဲ့အသုံးပြုနေသူများ ဒီမှာ နှိပ်ပါ

ဆက်သွယ်မည်

ကတိမတည်တဲ့လူတွေကို ဘာကြောင့် မုန်းတီးကြတာလဲ

လူရယ်လို့ဖြစ်လာရင်မျှော်လင့်ချက်မမဲ့ဘူးတဲ့သူရယ်ရှိမယ်မထင်ပါဘူး။အနည်းအများကတော့မျှော်လင့်ချက်မဲ့ဘူးကြမှာပါ။မျှော်လင့်ချက်မဲ့ရခြင်းမှာလည်းအကြောင်းအမျိုးမျိုးရှိကြမှာပါ။


စာဖတ်သူမိတ်ဆွေကောမျှော်လင့်ချက်မဲ့ဘူးလားနော်။လူတွေမျှော်လင့်ချက်မဲ့လာပြီဆိုရင်ဘာလုပ်တတ်ကြလည်းဆိုတော့သူတို့မျှော်လင့်ချက်ကိုပြန်လည်ရှင်သန်စေမည့်ကိစ္စတခုခု၊လူပုဂ္ဂိုလ်တစ်ဦးဦးကိုချဉ်းကပ်ပြီးဖြေရှင်းတတ်ကြတယ်။



ဒီလိုချဉ်းကပ်တဲ့အခါမယ်၊သူတို့ထင်ထားသလိုသူတို့မျှော်လင့်ချက်ကိုပြန်လည်ရှင်သန်စေမည့်အရာများသည်သူတို့၏မျှော်လင့်ချက်ကိုအသက်မရှင်စေဘူးဆိုရင်သူတို့ဘာဖြစ်မယ်ထင်လဲ။


အပြည့်အစုံဖတ်ရှုမည်