ကျွန်ုပ်တို့ ခရစ်ယာန်များကတော့ အခက်အခဲကနေ ရုန်းထွက်နိုင်ဖို့ ယေရှုဘုရားနဲ့အတူ ရုန်းထွက်လေ့ရှိပါတယ်။ ယေရှုဘုရားအကြောင်းကို အနည်းငယ် မိတ်ဆက်ပေးပါရစေ။
ယေရှုဘုရားဆိုတာ ကျွန်ုပ်တို့အတွက် အတိုင်ပင်ခံ၊ သူငယ်ချင်းကောင်း၊ ဖခင်တစ်ဦး ဖြစ်ပါတယ်လို့ သမ္မာကျမ်းစာမှာ ပါရှိပါတယ်။ ကျမ်းစာမှာ ပါရှိတဲ့အလျောက် သူဟာ လက်တွေ့ဘဝမှာလည်း ထိထိရောက်ရောက် ကူညီပေးသူ ဖြစ်ပါတယ်။
ပထမအဆင့်ကတော့ ကျွန်ုပ်တို့မှာ ဖြစ်နေတဲ့ ကြီးမားတဲ့ စိုးရိမ်မှုကို ယေရှုဘုရားကို ပြောပြပြီး အပ်နှံလိုက်ပါတယ်။
ဒုတိယအဆင့်အနေနဲ့ ကျမ်းစာဖတ်ခြင်း ဖြစ်ပါတယ်။ “အို ငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် ညှိုးငယ်သနည်း” လို့ ဆာလံကျမ်း ၄၂း၅ ထိုကျမ်းစာပါအကြောင်းအရာသည် ခုနှစ်တွေသာ ပြောင်းလဲနေပေမယ့် ကျွန်ုပ်တို့ လူသားတွေ မိမိကိုယ်ကို မေးလေ့မေးထရှိတဲ့ မေးခွန်းကို ဖော်ပြထားခြင်း ဖြစ်ပါတယ်။
ဒါပေမယ့် ယေရှုဘုရားကနေ ပြန်လည်ဖြေကြားထားတာကတော့ “အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း” ရှင်မဿဲ ၆း၂၇ ယေရှုဘုရားရဲ့ ဆိုလိုရင်းကတော့ ကျွန်ုပ်တို့ရဲ့ ပါးပေါ်မှာ ကျလာတဲ့ ပူနွေးနေတဲ့ မျက်ရည်တွေကို သုတ်ပေးပါမယ်၊ စိတ်ညစ်နေချိန် အတူရှိပေးပြီး ကူညီပေးမယ်။
ဒီလို ကတိတည်တဲ့ ယေရှုဘုရားကိုယ်တိုင်ရှိနေတာမို့ ကျွန်ုပ်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ရပ်လိုက်ပြီး ပုံမှန်အတိုင်း မိဘကို ချစ်ခင်မြတ်နိုး၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အချိန်ယူခြင်းများကို ပြုလုပ်ခြင်း ဖြစ်ပါတယ်။