အရက်နှင့် တားမြစ်ဆေး

ထပ်ပြီးတော့ကြိုဆိုလိုက်ပြန်ပါတယ်။

မူးယဇ်ဆေးဝါးနှင့်အရက်ကိစ္စသည် ယနေ့ခေတ်ကာလ၏ တကယ့်ပြဿနာဖြစ်သည်။ မိသားစုတိုင်းကို တနည်းမဟုတ်တနည်းနည်းနဲ့ ထိခိုတ်ကျဆုံးစေတယ်။


သမ္မာကျမ်းစာမှာ ဒီလိုဖေါ်ပြထားပါတယ်။

စ​ပျစ်​ရည်​သည် လှည့်​စား​တတ်၏။ သေ​ရည် သေ​ရက်​သည် ရုန်း​ရင်း​ခတ်​ပြု​ခြင်း​အ​မှု​ကို ဖြစ်​စေ​တတ်၏။ ထို​သို့​သော​အား​ဖြင့် မှား​ယွင်း​သော​သူ​သည် ပ​ညာ​မ​ရှိ။ (သုတ္တံကျမ်း ၂၀း၁)


ထို​သူ​တို့​သည် စ​ပျစ်​ရည်​ကြောင့် မှား​ယွင်း​ကြ​ပြီ။ သေ​ရည်​သေ​ရက်​ကြောင့် လမ်း​လွဲ​ကြ​ပြီ။
(ဟေရှာယအနာဂတ္တိကျမ်း ၂၈း၇)

 

အထက်ပါကျမ်းပိုဒ်များအရ မူးယဇ်ဆေးဝါး၊အရက်သေစာသည် ကောင်းသရောင်ရောင်နဲ့ အဆုံးမှာဆိုရင် လူကိုကျဆုံးစေတာပဲဖြစ်တယ်။ ရုန်းရင်းခတ်စေတယ်၊ အမှားတွေကိုဖြစ်စေတယ်။ ဒီလိုမျိုးနဲ့ ဖြတ်သန်းနေခြင်းဟာ ပညာမဲ့တဲ့လုပ်ရပ်ဖြစ်တယ်။

ဒါကြောင့် မိမိကိုယ် ကျဆုံးစေတဲ့၊ မိမိရဲ့မိသားစုကို ကျဆုံးနာကျင်စေတဲ့၊ အမှားတွေကိုသာဖြစ်စေတဲ့ မူးယဇ်ဆေးဝါး၊အရက်ကျေးကျွန်ဘ၀မှ ရုန်းထွက်ပြီး လူကောင်းအဖြစ်အသက်ရှင်ဖို့လိုတယ်။ မူးယဇ်ဆေးဝါး၊အရက်ကျေးကျွန်ဘ၀ကနေ ယေရှုဘုရားကိုသိရှိလာပြီး ရုန်းထွက်နိုင်ခဲ့သော သူတစ်ဦးအကြောင်းဖြစ်ရပ်မှန်ရှိပါတယ်။


ဆက်လက်လေ့လာမည်ကို နှိပ်ပါ

ဆက်လက်လေ့လာမည်