ယေရှုဘုရားကို ကယ်တင်ရှင်အဖြစ်ယုံကြည်တဲ့သူတစ်ဦးဟာ လောကတွင်နေထိုင်စဉ် ရင်ဆိုင်ခံစားလာရသော မတရားအဖိနှိပ်ခံရမှုတွေ၊ အကြမ်းဖက်ခံရမှုတွေကို ခံစားလာရသောအခါများတွင် အောက်ပါအတိုင်း ဖြေရှင်းသလို၊ အမှန်တကယ်လည်း အောင်မြင်စွာ ဖြတ်သန်းနိုင်သွားပါတယ်။
၁။အကြမ်းဖက်ခံလာရပြီ၊ မတရားစွာ ဖိနှိပ်ခံလာရပြီဆိုလျှင် ဦးစွာ ဘုရားသခင်မှ မိမိအကြောင်းကို သိနေတယ်။ မိမိခံစားနေရသော အကြောင်းအရာများကိုလည်း သိနေပါတယ်။ မိမိနဲ့အတူလည်းရှိနေတယ်။ မိမိကိုလည်းကူညီဖို့ ရှိနေတယ် ဆိုတာကို ပြန်လည်သတိပြုပါတယ်။
၂။သမ္မာကျမ်းစာကိုလည်း စိတ်ပါဝင်စားစွာ ဖတ်ရှုဆင်ခြင်အောက်မေ့လျှောက်လှမ်းပါတယ်။အထူးသဖြင့် အကြမ်းမဖက်လမ်းစဉ်တွေ၊ မေတ္တာလမ်းစဉ်တွေကို ပိုပြီးဖတ်ရှုဆင်ခြင်ပါတယ်။
၃။ဓမ္မဆရာ၊မများနှင့်လည်းတိုင်ပင်ပြီး၊၎င်းတို့သွန်သင်ပေးသောသမ္မာကျမ်းစာရှိတရားတော်များ၊၎င်းတို့၏ဘုရားသခင်ထံဆုတောင်းပေးမှုများကို လိုက်နာခံယူပါတယ်။
၄။မိမိကိုယ်တိုင်ယေရှုဘုရားထံကို ကြုံတွေ့ခံစားနေရသော မတရားဖိနှိပ်ခံစားရမှုတွေ၊ အကြမ်းဖက်မှုတွေကို ကူညီဖြေရှင်းပေးဖို့ဆုတောင်းပါတယ်။ စာဖတ်သူမိတ်ဆွေလည်း ယေရှုဘုရားထံ ဆုတောင်းနိုင်ပါတယ်။ ယေရှုဘုရားက စာဖတ်သူကို ချစ်တဲ့ဘုရားပါ။ မေတ္တာထားတဲ့ဘုရားပါ။
စာဖတ်သူရဲ့ဆုတောင်းမှုကိုလည်းကြားချင်လျက် အဖြေပေးကူညီပေးမယ့်ဘုရားသခင်ပါ။ ယေရှုဘုရားထံကို ဆုတောင်းလိုပါသလား။
ဆုတောင်းလိုပါက ဒီလိုဆုတောင်းလိုက်ကြရအောင်။
