အကြမ်းမဖက်သောလမ်းစဉ်၊ မေတ္တာဖြင့်သာ ဖြေရှင်းကြဖို့လမ်းစဉ်ကို ယေရှုဘုရားမှ သွန်သင်ပေးခဲ့ပါတယ်။ လူသားတွေဟာ မိမိအတ္တ၊ ဒေါသ၊ မာန်မာန၊ အလိုကြီးရလိုမှုတွေ စသည်ဖြင့်တို့ကြောင့် အကြမ်းဖက်သော လမ်းစဉ်ကို ဆွဲကိုင်လျက် လုပ်ဆောင်ကြတာဟာ ကမ္ဘာကြီးကော၊ လူသားတွေရော အတော်ဝမ်းနည်းစရာများနှင့် ဖြတ်သန်းနေရကြပါပြီ။


ယေရှုဘုရားက ဒီလို မိန့်ဆိုပါတယ်

" ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ချစ်​လော့။ ရန်​သူ​ကို မုန်း​လော့​ဟူ​သော ပ​ညတ်​စ​ကား​ကို သင်​တို့ ကြား​ရ​ပြီ။- ငါ​ပ​ညတ်​သည်​ကား၊ သင်​တို့​သည် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ သား​ဖြစ်​လို​သော​ငှာ၊ သင်​တို့၏​ရန်​သူ​တို့​ကို ချစ်​ကြ​လော့။ သင်​တို့​ကို ကျိန်​ဆဲ​သော​သူ​တို့​အား မေ​တ္တာ​ပို့​ကြ​လော့။ သင်​တို့​ကို မုန်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​လော့။ သင်​တို့​ကို နှောင့်​ယှက်​ညှဉ်း​ဆဲ​သော သူ​တို့​အ​ဖို့ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​လော့။- ရှင်​မဿဲ​ခ​ရစ်​ဝင် ၅:၄၃-၄၄"


ယေရှုခရစ်ဘုရားက ကမ္ဘာပေါ်ရှိလူသားတိုင်း စိတ်လက်အေးငြိမ်းချမ်းသာစွာဖြင့် ရှင်သန်ဖြတ်သန်းကြဖို့ကိုပဲ လိုချင်တာပါ။ အခုက လူသားတွေက အကုသိုလ်တွေပြုလုပ်ကြ၊ အတ္တတွေကို ရှေးတန်းတင်ရင် လုပ်ဆောင်ကြလေတော့ ကမ္ဘာကြီးဟာ နေမကောင်းဖြစ်နေပါပြီ။



ယေရှုဘုရားဟာ အကြမ်းမဖက်သောနည်းလမ်း၊ မေတ္တာလမ်းစဉ်ကိုသာ လျှောက်လှမ်းကြဖို့ကို ယခုဘ၀အတွက်သာမက ၊နောင်ဘ၀အတွက်ကိုလည်း သူကိုယ်တိုင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ယေရှုဘုရားက ဘာတွေလုပ်ဆောင်ပေးခဲ့လည်း ဆိုတာကို သိလိုပါသလား။ ဆက်လက်ကြည့်လိုက်ရအောင်။

ဆက်လက်လေ့လာမည်