သင့်နှင့်အတူယေရှုဘုရား အခန်းတခန်းတည်းတွင်ရှိနေသကဲ့သို့ သင်၏စကားသံကိုဖွင့်လျက် ယေရှုဘုရားကို စတင်စကားပြောဆုတောင်းနိုင်ပါတယ်။
ယေရှုဘုရားကိုပြောသော သင်၏စကားသံကို သူကြားရတာကို သူနှစ်သက်တယ်။
ယခုပဲ ဘုရားသခင်ကို သင်၏စကားသံကို ဖွင့်လျက် စတင်ဆုတောင်းစကားပြောလိုက်ပါ။
"ချစ်စွာသော. ထာ၀ရဘုရားသခင် မှန်ကန်သောနည်းလမ်းဖြင့် ဘုရားသခင်နှင့်ထိတွေ့ဆက်ဆံလျက် ဘုရား၏အကြောင်းကိုသိလိုပါတယ်။ ဘုရားသခင်သည် စစ်မှန်သော သစ္စာတရား ဖြစ်တော်မူကြောင်းကို ကျေးဇူးပြုပြီး ဖေါ်ပြပေးတော်မူပါ။ ကျွန်ုပ်၏ စိတ်နှလုံးကို ဖွင့်ပေးတော်မူလျက် ဘုရားသခင်ကို သိစေနိုင်ဖို့ရန် မစတော်မူပါ။ အာမင်"
ဒီလိုဆုတောင်းခဲ့ပါသလား။
