ယေရှုဘုရားနဲ့ မိတ်ဖွဲ့ရင်းနှီးမှုအတွက် ပထမခြေလှမ်းကို သင်ပြီးမြောက်ခဲ့လို့ ဂုဏ်ယူပါတယ်။ သင့်ရဲ့နောက်ထပ်ခြေလှမ်းတွေကတော့ ယေရှုဘုရားထံ နေ့စဉ် မကြာခဏဆုတောင်းခြင်းနဲ့ သမ္မာကျမ်းစာကိုဖတ်ရှုခြင်းဖြင့် ယေရှုဘုရားအကြောင်းပိုမိုလေ့လာခြင်းပဲ ဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှာ ယေရှုဘုရားနဲ့မိတ်ဖွဲ့ရင်းနှီးကျွမ်းဝင်ခဲ့သူတွေဟာ ဘယ်လိုထူးခြားပြောင်းလဲပြီး ကောင်းကြီးခံစားရကြောင်းနဲ့၊ သင်ကိုယ်တိုင်လည်း ယေရှုဘုရားနဲ့မိတ်ဖွဲ့ရင်းနှီးမှုကနေ ဘာတွေဆက်လက်မျှော်လင့်နိုင်ကြောင်း တွေ့ရှိလာပါလိမ့်မယ်။
ရွေးချယ်စရာနောက်တစ်ခုကတော့ ယေရှုဘုရားအကြောင်းလေ့လာခြင်းနဲ့ ရင်းနှီးကျွမ်းဝင်ခြင်းခရီးစဉ်မှာ သင့်ကိုအကူအညီပေးနိုင်မယ့် ခရစ်ယာန်မိတ်ဆွေအချို့နဲ့ သင့်ကိုမိတ်ဆက်ပေးခြင်းပဲ ဖြစ်ပါတယ်။ သင့်ခရီးစဉ်မှာ ကျွန်တော်တို့ကူညီပေးလိုပါတယ်။ အကယ်၍ သင့်မှာဆန္ဒရှိရင် အောက်က
"ဆက်သွယ်မည်" ခလုတ်လေးကို နှိပ်ပေးပါ။
