ကမ္ဘာပေါ်မှာ ပရမ်းပတာဖြစ်ရပ်တွေများစွာ ဖြစ်ပေါ်နေပါတယ်။ အကြမ်းဖက်မှုတွေ၊ အငတ်ဘေးတွေ၊ စစ်မက်ဘေးတွေ၊ သဘာ၀ဘေးတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေ အများကြီးဖြစ်နေပါတယ်။ ရောဂါဘယဘေးတွေ၊ အိမ်ထောင်ပြိုကွဲမှုတွေ၊ မိသားစုဝင် ဆုံးရှုံးရမှုတွေကိုလည်း နေရာတိုင်းလိုလိုမှာ တွေ့နေရပါတယ်။ ဒါတွေကြောင့် စိတ်ဖိစီးမှု၊ မရေရာမှု၊ ကြောက်ရွံ့မှုတွေနဲ့ ရုန်းကန်နေရပြီး ဘ၀တိုးတက်ရာကိုရှာဖွေကြိုးစားရာမှာ အတားအဆီးတွေဖြစ်လာပါတယ်။ ဒီလိုပရမ်းပတာဖြစ်ရပ်တွေနဲ့ မရေရာမှုတွေအားလုံးဟာ ဘုရားသခင်မရှိကြောင်း ထင်ရှားတဲ့သက်သေတွေ မဟုတ်ပေဘူးလား။


အခန်းတစ်ခုမှာ ၀တ္ထုစာအုပ်လေးတစ်အုပ်ကိုတွေ့လို့ သင်ဖွင့်ဖတ်မိလိုက်တယ်ဆိုပါစို့။ သင်ဖတ်မိတဲ့စာမျက်နှာတွေမှာရေးထားတဲ့အကြောင်းအရာတွေက သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့်အကြောင်းအရာတွေဖြစ်နေတယ်ဆိုရင် ဖတ်နေစဉ်မှာပဲ သင်က ၀တ္ထုစာအုပ်ကို ပိတ်လိုက်ပြီး“ ဒီစာအုပ်က  မကောင်းပါဘူး၊ ဒါက ပရမ်းပတာစာအုပ်ပဲ” လို့ပြောလိုက်သလို ကိုယ့်ကိုယ်ကိုယ် မြင်ယောင်ကြည့်ပါ။


တကယ်တော့ သင်ဖတ်မိလိုက်တဲ့၀တ္ထုစာအုပ်ရဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာအပိုင်းကို နားလည်နိုင်ဖို့ဆိုရင် ၀တ္ထုစာအုပ်တစ်အုပ်လုံးကို အပြီးထိဖတ်သင့်တယ် မဟုတ်ပေဘူးလား။ ၀တ္ထုစာအုပ်ကို ဆက်ဖတ်သွားတဲ့အခါမှသာ ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြားအခန်းတွေကိုလည်း သိမြင်လာမှာဖြစ်ပြီး၊ “ဪ … အခုနက ငါဖတ်ခဲ့ပြီး ပရမ်းပတာဇာတ်လမ်းပါလို့ သတ်မှတ်ခဲ့တဲ့အပိုင်းက  တကယ်တော့ ကြီးမားတဲ့ဇာတ်လမ်းကြီးတစ်ခုရဲ့ အစိတ်အပိုင်းလေးတစ်ခုပါလား”လို့ သင်နားလည်လာပါလိမ့်မယ်။ 


ဒီလိုပါပဲ ကမ္ဘာပေါ်မှာဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေ၊ ပရမ်းပတာဖြစ်ရပ်တွေနဲ့ ကြုံဆုံနေရချိန်မှာ “ဒါတွေဟာ တကယ်တော့ ကြီးမားတဲ့ဇာတ်လမ်းတစ်ခုရဲ့ အစိတ်အပိုင်းလေးပဲ”လို့ ရှုမြင်နိုင်ဖို့ လိုပါတယ်။ စာမျက်နှာအနည်းအကျဉ်းလောက်ကိုပဲဖတ်ပြီး ဇာတ်လမ်းကြီးတစ်ခုလုံးကို ပြည့်ပြည့်စုံစုံနားလည်သွားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။


ဒီလိုဆိုရင် ကျွန်တော်တို့ရဲ့ဝန်းကျင်မှာဖြစ်ပွားနေတဲ့ မငြိမ်မသက်မှုတွေနဲ့ မရေရာတွေဟာ ဘုရားသခင်ရှိကြောင်း သက်သေတွေလားဆိုပြီး မေးစရာရှိပါတယ်။ တကယ်တော့ ကျွန်တော်တို့ဖတ်ရှုနေတဲ့ ဇာတ်လမ်းတစ်ခုလုံးကို စီစဉ်ရေးသားနေတဲ့စာရေးသူကို မမေ့သင့်ပါဘူး။ ကျွန်တော်တို့တွေက ဇာတ်လမ်းရဲ့အဆုံး၊ ဇာတ်သိမ်းကို မြန်မြန်သိချင်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘ၀တွေဟာ ဘုရားသခင်စီစဉ်ထားတဲ့ ကြီးမားတဲ့ဇာတ်လမ်းကြီးတစ်ခုရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့သာပါဝင်ပြီး၊ ဒီအစိတ်အပိုင်းတွေအားလုံးဟာ ကြီးကျယ်ခမ်းနားတဲ့ဇာတ်လမ်းကြီးတစ်ခုကို တည်ဆောက်ပေးနေတယ်ဆိုတာ သိနားလည်လာတဲ့အခါ ဒီလိုပရမ်းပတာဖြစ်ရပ်တွေက ဘုရားသခင်မရှိကြောင်း သက်သေပဲမဟုတ်ဘူးလားဆိုတဲ့မေးခွန်းရဲ့အဖြေကို နားလည်သွားစေမှာပါ။ 


Corrie Ten Boom လို့ အမည်ရတဲ့ ဒတ်ခ်ျကင်းစောင့်အမျိုးသမီးတစ်ဦးဟာ၊ နာဇီဂျာမန်တွေက ဂျူးတွေကို သန်းနဲ့ချီသတ်ဖြတ်နေချိန်မှာ သူမရဲ့မြို့မှာရှိတဲ့ ဂျူးတွေလွတ်မြောက်အောင်ကူညီပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူမကိုယ်တိုင်လည်း ချွေးတပ်စခန်းတွေမှာ ဒုက္ခရောက်ခဲ့ပါတယ်။ သူမပြောဖူးတဲ့ မှတ်သားဖွယ်ရာ စကားတစ်ခွန်းရှိတယ်။ သူမက “ရထားတစ်စင်းဟာ ဥမင်လိုဏ်ခေါင်းကို ဖြတ်မောင်းနေချိန်မှာ မှောင်လာမယ်၊ မှောင်လာရင် မင်းတို့လက်မှတ်တွေကို မပစ်လိုက်ဘဲ အင်ဂျင်နီယာကို ယုံကြည်ပြီး ထိုင်နေဖို့ပဲ လိုပါတယ်”လို့ ပြောခဲ့ပါတယ်။


ဒီလိုပါပဲ၊ ဥမင်လိုဏ်ခေါင်းတွေကို ရထားဖြတ်သန်းနေချိန်မှာ မှောင်သွားသလိုမျိုး၊ ကမ္ဘာကြီးမှာလည်း မတရားမှုတွေ၊ အကြမ်းဖက်မှုတွေ၊ ပရမ်းပတာဖြစ်ရပ်တွေ … အစရှိတဲ့ မှောင်မိုက်မှုတွေ ကြုံဆုံလာခဲ့ရင်တောင် ရထားလက်မှတ်တွေကိုပစ်ချပြီး ခုန်ချလိုက်မယ်ဆိုတဲ့ အတွေးမျိုး၊ အခုဖြစ်ပျက်နေတဲ့ ပရမ်းပတာကိစ္စတွေကြောင့် ဘုရားသခင် မရှိပါဘူးဆိုတဲ့အတွေးမျိုးကို လက်မခံမိဖို့ လိုပါတယ်။ မှောင်မဲနေတဲ့ ဥမင်လိုဏ်ခေါင်းကိုဖြတ်နေချိန်မှာ ရထားမောင်းသူအင်ဂျင်နီယာကို ယုံယုံကြည်ကြည်နဲ့ အေးဆေးထိုင်ပြီး လိုက်ပါသလိုမျိုး၊ ဘုရားသခင်ကိုလည်း ထိုအတိုင်း စိတ်ချယုံကြည်လို့ရတဲ့အကြောင်း ဖေါ်ပြချင်ပါတယ်။


ဒီတော့ သင်တကယ်မေးရမယ့်မေးခွန်းက  သင်အခုကြုံတွေ့နေရတဲ့ ပရမ်းပတာကိစ္စတွေအကြောင်းလား၊၊ ဒါမှမဟုတ် ပိုကြီးမားတဲ့ဇာတ်လမ်းတစ်ပုဒ်ကိုရေးသားနေသူအကြောင်းလား။ ဒါမှမဟုတ် ရထားဟာ မောင်းနှင်သူမရှိဘဲ သွားနေတာလား၊ သို့မဟုတ် အမှောင်ထုနဲ့ ရှုပ်ထွေးမှုတွေထဲမှာတောင် ငါတို့ယုံကြည်စိတ်ချနိုင်တဲ့သူရှိသလား ဆိုတာပါပဲ။ 

ဆက်သွယ်မည်
ဆက်သွယ်မည်

ဝေမျှလိုက်ပါ

ငွေကြေးရှိမှ ပျော်ရွှင်မှုရမှာလား


"ငွေကြေးမပါဘဲ ဒါမှမဟုတ် သင့်ဘဝမှာ ဘယ်လိုအရာတွေကိုကြုံတွေ့နေရပါစေ သင်ယခုလည်း ပျော်ရွှင်မှုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ပျော်ရွှင်မှုဆိုတာ ရွေးချယ်မှုဖြစ်ပါတယ်" လို့ Todd Tresidder က ပြောပါတယ်။


ငွေကြေးနဲ့ ပြီးမြောက်နိုင်တဲ့အရာတွေလည်း များစွာရှိနိုင်ပါတယ်။ ငွေကြေးနဲ့ …


•အချိန်တိုအတွင်း အလုပ်မြန်ဆန်အောင် လုပ်နိုင်ပါတယ်

•လက်ဆောင်ပစ္စည်းတွေ ဝယ်ပေးနိုင်ပါတယ်

အပြည့်အစုံဖတ်ရှုမည်