ဒီနေရာမှာတေ့... ဘုရားသခင်ထံကိုမိမိဖြစ်ချင်သော၊ မိမိစိုးရိမ်နေသော၊ မိမိဘယ်လိုလုပ်ရမလဲဆိုတာကို မသိဖြစ်နေတာတွေကို ပုံအပ်ပြီးဆုတောင်းနိုင်တာကိုဖေါ်ပြပေးချင်ပါတယ်။
ဘာလို့ဆိုဘုရားသခင်တတ်နိုင်လို့ပါ။ဘုရားသခင်ပြင်ဆင်ပေးမှာမလို့ပါ။ ဘုရားသခင်ထံဆုတောင်းလိုပါသလားနော်။
ဆုတောင်းလိုပါက အောက်ပါအတိုင်း ဆုတောင်းနိုင်ပါတယ်။
"လူသားများကိုဖန်ဆင်းပြီးအသက်ရှင်လျက်၊လူသားများကိုမစကူညီပေးနေတော်မူသောဘုရားသခင်၊ကျွန်တော်၊မသည် စိုးရိမ်ပူပန်လျက် အနာဂတ်ကို
မည်ကဲ့သို့ ဖြတ်သန်းရမလဲဆိုတာကို တွေးပူပြီး ကြောက်ရွံ့နေပါတယ်။
အောင်မြင်စွာ ဖြတ်သန်းသွားချင်ပါတယ်။ ဘုရားသခင်က လူသားတို့ကို ကူညီမစတော်မူတယ်ဆိုတာကို ကြားရပါတယ်။ ယခုလို မသေချာမရေရာမှုတွေထဲကနေ အကောင်းဆုံးကျော်ဖြတ်သွားနိုင်စေဖို့ ကူညီမစပေးတော်မူပါ။
ဘုရားသခင်ကလူသားတို့ရဲ့အခက်အခဲတွေကို မစပေးနေတယ်ဆိုတာကိုကြားခဲ့ရသလို၊ ယုံကြည်သောကြောင့် ကျွန်တော်၊မ၏ ဖြစ်လိုသောဆန္ဒ၊ တည်ဆောက်မှုတွေကို ဖြေရှင်းကူညီမစပေးဖို့ လာရောက်ဆုတောင်းပုံအပ်တာဖြစ်ပါတယ်။
ကျွန်တော်၊မ၏အခက်အခဲ၊ပြဿနာစိန်ခေါ်မှုများကိုကူညီမစဖြေရှင်းပေးတော်မူပါ။
ဘုရားသခင်ဖြေရှင်းပေးနိုင်တာကိုယုံကြည်လျက်ဆုတောင်းလိုက်ပါတယ်။အာမင်"
ကျွန်ုပ်တို့နဲ့ ဆက်သွယ်နိုင်ပါပြီ
