ခုတလော ကြုံနေရတဲ့ ဆင်းရဲဒုက္ခများကို ဘုရားသခင်များ သိပါ့မလား ဆိုတဲ့ မေးခွန်းတွေ ကျွန်ုပ်တို့မှာ ရှိနေနိုင်ပါတယ်။
သံသယစိတ်လို့ ပြောလို့ ရပါတယ်။
ကြားရပြန်ပြီ သတင်းဆိုးတစ်ခု၊ နောက်နေ့ရောက်တော့လည်း သတင်းဆိုးပေါင်းများစွာ ထပ်ကြားရပြန်တယ်။
အခြေအနေကတော့ ကိုယ့်အလှည့်ကို ရင်တုန်စွာနဲ့ စောင့်နေရသလို ဖြစ်နေပြီ။ လာကယ်မဲ့သူတွေကိုယ်တိုင်ကလည်း သူတို့ကိုယ်တိုင် အန္တရာယ်တွေနဲ့ နစ်မွန်းနေတဲ့သူတွေ ဖြစ်နေပြီ။
ချစ်လှစွာသော ဘုရားသခင်ရေ ဒါတွေအသေးစိတ်ကို သိပါ့မလား၊ တစ်ခုခု ကူညီပေးဖို့ကော မရှိဘူးလား ဆိုတဲ့ မေးခွန်းတွေ တစ်ဦးချင်းစီမှာ ရှိနေမှာကို ကြိုသိနှင့်တဲ့ ဘုရားသခင်က ရှေးကတည်းကနေ ဖြေရှင်းဖြေကြားခဲ့ပြီးပြီ ဖြစ်ပါတယ်။
ဒါကို ဆာလံကျမ်းမှာလည်း ထပ်ပြီး ဒီသတင်းစကားကို ဝေမျှထားတာ ဖြစ်ပါတယ်။
“ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကို၎င်း၊ လောကဓာတ်နှင့် လောကသားတို့ကို၎င်း ပိုင်တော်မူ၏” ဆာလံကျမ်း ၂၄း၁
ကျွန်ုပ်တို့ပိုင်ဆိုင်တဲ့ အရာတွေဆိုပြီး တံဆိပ်ခတ်ထားတဲ့ ငါ့မိသားစု၊ ငါ့အိမ်၊ ငါ့စည်းစိမ် အစရှိတဲ့ အရာအားလုံးဟာ တကယ်တော့ ဘုရားသခင်ရဲ့ ပိုင်ဆိုင်မှု သာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ကျွန်ုပ်တို့ရဲ့ ရန်သူများက ကျွန်ုပ်တို့ကို တိုက်ခိုက်၊ ဖျက်ဆီးနေတယ်၊ အနိုင်အထက်ပြုနေတယ် ဆိုတာထက် ရန်သူများက ဘုရားသခင်ဖန်ဆင်းထားတဲ့ လှပတဲ့ အရာတွေကို တိုက်ရိုက် သွားတိုက်ခိုက်ဖျက်ဆီးနေတယ်ဆိုရင် ပိုပြီး မှန်ကန်ပါလိမ့်မယ်။
- ဘုရားသခင်ရဲ့ တန်ခိုးတော်ကြောင့် ရန်သူတွေရဲ့ နေရာမှာပဲကွက်ပြီး မိုးခေါင်တာတွေ ဖြစ်ခဲ့တယ်
- ဘုရားသခင်ရဲ့ တန်ခိုးတော်ကြောင့် ရန်သူတွေရဲ့ နေအိမ်တွေက သားဦးတွေ တစ်ညတည်းမှာ ဆုံးရှုံးခဲ့ဖူးတယ်
- ဘုရားသခင်ရဲ့ တန်ခိုးတော်ကြောင့် ရန်သူတွေ ပင်လယ်ရေနဲ့ အသေသတ်ခြင်းကို ခံခဲ့ရဖူးတယ်
ထို့အပြင် များစွာသော တန်ခိုးတော်တွေကိုလည်း ပြသပြီး သူချစ်တဲ့သူတွေကို ကာကွယ်ခဲ့ဖူးတာ ဖြစ်ပါတယ်။
ယခုလိုအချိန်မျိုးမှာလည်း ဘုရားသခင်ရဲ့ စီရင်ခြင်းအချိန်ကို စောင့်နေချိန်မှာ ကျွန်ုပ်တို့လည်း တရားသော သူတွေဘက်ကနေ ဆက်လက်ရပ်တည်ခြင်းနဲ့ ပါဝင်နိုင်ပြီး ဆုတောင်းခြင်းကိုတော့ နေ့ရက်တိုင်း မပျက်မကွက် ပြုလုပ်နိုင်ပါတယ်။
ဖုန်းနဲ့အသုံးပြုနေသူများ ဒီမှာ နှိပ်ပါ
ကွန်ပြူတာနဲ့အသုံးပြုနေသူများ ဒီမှာ နှိပ်ပါ
ဝေမျှလိုက်ပါ
ဘဝမှာ ပြည့်စုံဖို့ ဘာကအရေးကြီးဆုံး ဖြစ်မလဲ
သစ်ပင်တွေ ရှင်သန်နေဖို့ ရေကို လိုအပ်သလို၊ ပန်းပင်တွေလည်း ပွင့်ချိန်မှာ ပွင့်နိုင်ဖို့ ရေကို ပုံမှန်လိုအပ်ပါတယ်။
ကျွန်ုပ်တို့လူသားတွေလည်း ထို့အတူပင်မဟုတ်ပါလား။
အိမ်တစ်အိမ်ရဲ့ တစ်ဖက်တစ်ချက်မှာ နှင်းဆီပန်းပင်လေးတွေနဲ့ စိမ်းစိုနေတဲ့ မြက်ပင်လေးတွေ ရှိပါတယ်။
နှင်းဆီပန်းပင်တွေရှိနေတဲ့ဘက်ချမ်းမှာတော့ ရာသီဥတုရဲ့ ပူပြင်းတဲ့ ဒဏ်ကို ခံစားရတဲ့အပြင်၊ ရေကိုလည်း ကောင်းစွာ မရရှိပါဘူး။
ဒါပေမဲ့ မြက်ပင်လေးတွေကတော့ ရေကို အချိန်နဲ့တပြေးညီ ရရှိသလို သစ်ပင်ကြီးကောင်းရဲ့ အရိပ်ကိုလည်း ရရှိနေတာ ဖြစ်ပါတယ်။
