ဘုရားသခင်သည် မေတ္တာတော်ရှင် ဖြစ်ပါတယ်။ လူသားများ ဆင်းရဲဒုက္ခတွေနဲ့ ဖြတ်သန်းနေရခြင်းတွေကို မလိုလားပါ။
လူသားများ၏ကောင်းကျိုးချမ်းသာကိုသာ လိုချင်သူဖြစ်ပါတယ်။ လူသားတွေရဲ့ အတ္တတွေ၊ လိုချင်တက်မဲ့မှုတွေ၊ အာဏာတက်မက်မှုတွေကြောင့် လူသားတွေဟာ ဆင်းရဲဒုက္ခတွေကို ဖန်တီးတတ်ကြတယ်။
သူတို့ဖန်တီးတဲ့ ဆင်းရဲဒုက္ခတွေကိုလည်း ဘယ်သူပဲထိထိ၊ ဘယ်သူပဲနာကျင်နာကျင်၊ သူတို့ ကရုမမူတတ်ကြဘူး။ စဉ်းလည်းမစဉ်းစားပေးတတ်ကြဘူး။
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့အမျိုးတွေ။ ဘုရားသခင်ကတေ့ာ မေတ္တာရှင်ပါ။ လူသားတွေကို သိပ်ချစ်တဲ့ဘုရားသခင်ပါ။ ယခုစာဖတ်နေသူကိုလည်း သိပ်ချစ်ပါတယ်။ ဆင်းရဲဒုက္ခခံစားနေရသော လူသားများအတွက် ဘုရားသခင်ဆီမှာ အဖြေရှိပါတယ်။
(၂)ချက်အားဖြင့် ပြင်ဆင်ပေးပါတယ်။
(၁)အချက်အနေနဲ့ကတော့ လူသားတွေဟာ သူတို့လုပ်တဲ့အကုသိုလ်အပြစ်တွေကြောင့် ဒီဘ၀တွင် ဆင်းရဲဒုက္ခခံရမည်သာမက နောင်ဘ၀တွင်လည်း အပယ်ငရဲကို လားရမှာဖြစ်ပါတယ်။ ဒါကို ယေရှုဘုရားသည် ကယ်တင်ပေးဖို့ရန်အတွက် ကောင်းကင်ဘုံမှ ဆင်းကြွလာလျက်လူသားဇာတိတော်ကို ခံယူတော်မူလျက် လူသားများ၏ အကုသိုလ်ပြစ်ကြွေးများအတွက် လက်ဝါးကားတိုင်ပေါ်တွင် အသက်တော်ကို စွန့်လှူပူဇော်ခဲ့လျက် လူသားများကိုယ်စား အပြစ်ဖြေပေးခဲ့ပါတယ်။ သင်္ဂြိုလ်ပြီး(၃)ရက်မြောက်သောနေ့တွင်သေခြင်းကိုအောင်တော်မူခဲ့လျက်ယနေ့တိုင် အသက်ရှင်နေတော်မူပါတယ်။ ယေရှုဘုရားကို မိမိကိုကယ်တင်ပေးတော်မူသော ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်သူတိုင်းသည် အပယ်ငရဲကို မလားရတော့ဘဲ၊ ကောင်းကင်ဘုံတွင် ထာ၀စဉ်နေထိုင်သွားရမှာ ဖြစ်ပါတယ်။
(၂)အချက်အနေနဲ့ကတော့ ယေရှုဘုရားသည် ယနေ့တိုင် အသက်ရှင်တော်မူသော ဘုရားသခင် ဖြစ်တော်မူသလို လူသားများနှင့် အစဉ်အတူရှိနေပါတယ်။ လူသားများ၏ ဆင်းရဲဒုက္ခခံစားရမှုတွေကို တင်ပြဆုတောင်းအကူအညီတောင်းခံလာပါက မစကူညီပေးနေတော်မူပါတယ်။ သူ့ထံသွားလျက်၊ သူ့ကိုဆုတောင်းဖို့တော့ လိုပါတယ်။
ဆင်းရဲဒုက္ခတွေကြုံဆုံလာခဲ့လျှင် လူသားတွေအနေနဲ့ ဘယ်လိုလုပ်ဆောင်သင့်ကြောင်းကို ဆက်လက်လေ့လာလိုက်ကြရအောင်။