ဒီနေရာထိရောက်လာလို့ ကြိုဆိုပါတယ်။ ကျွန်တော်က ခရစ်ယာန်တစ်ဦးပါ။ ခရစ်ယာန်တစ်ဦးသည်လည်း ဒေါသအမျက်ထွက်တတ်ပါတယ်။
သို့သော် ၎င်းကဲ့သို့ ကြုံဆုံလာရသောအချိန်များတွင် မည်ကဲ့သို့ဖြတ်သန်းဖြေရှင်းသည်ကို ဝေမျှပေးလိုပါတယ်။
၁။ဘုရားသခင်ကဒီလိုအမျက်ဒေါသတွေနဲ့ရှင်သန်တာကိုမလိုလားဘူးဆိုတဲ့အချက်ကိုဆင်ခြင်ပါတယ်။
၂။အမျက်ဒေါသတွေနဲ့မဖြတ်သန်းမိဖို့၊ဘယ်လိုဖြတ်သန်းရမလည်းဆိုတာကိုဘုရားသခင်ထံဆုတောင်းပြီးအကြံဉာဏ်တောင်းခံပါတယ်။
၃။ဓမ္မဆရာ၊မတွေကိုရင်ဖွင့်တိုင်ပင်ပါတယ်။ သူတို့ပေးလာသောအကြံဉာဏ်တွေကိုလည်း ဆင်ခြင်ခံယူပါတယ်။
၄။သမ္မာကျမ်းစာကိုဖတ်ပြီးဖြတ်သန်းပါတယ်။သမ္မာကျမ်းစာကမိန့်ထားတဲ့နည်းလမ်းအတိုင်းဖြတ်သန်းဖို့ဆုံးဖြတ်ပါတယ်။ အထက်ပါယေဘူယျအချက်တွေနဲ့ဆင်ခြင်ပြီးဖြတ်သန်းပါတယ်။
မိတ်ဆွေအတွက်ဆက်လက်အကျိုးရှိစေမယ့် အချက်တချို့ကိုလည်း ကြည့်လိုက်ရအောင်။

