ယေရှုဘုရားက မတူထူးခြားတဲ့အဖြေတစ်ခုပေးပါတယ်။ ဒီဘ၀နဲ့ နောင်ဘ၀ဆိုင်ရာ စိန်ခေါ်ချက်တွေအတွက် လက်တွေ့ကျတဲ့အထောက်အကူကို သူပေးခဲ့ပါတယ်။
အဆုံးအမသွန်သင်ချက်တွေထက်၊ ကျွန်တော်တို့ဆီကို လှိုက်လှိုက်လှဲလှဲ ကိုးစားယုံကြည်မှုကို သူတောင်းဆိုပါတယ်။ သူ့ရဲ့နည်းလမ်းက သူနဲ့ ရင်းနှီးစွာ မိတ်ဖွဲ့ကျွမ်းဝင်ခြင်းအားဖြင့် ကျွန်တော်တို့ကို အတွင်းမှအပြင် ပြုပြင်ပြောင်းလဲပေးခြင်းမျိုးဖြစ်ပြီး၊ ဒီနည်းအားဖြင့် ဆင်းရဲခြင်းအားလုံးရဲ့ အရင်းအမြစ်ဖြစ်တဲ့ အကုသိုလ်နဲ့ အဓမ္မတွေကို တွန်းလှန်ဖယ်ရှားတဲ့နည်းပဲ ဖြစ်ပါတယ်။
ယေရှုဘုရားနဲ့ မိတ်ဖွဲ့ရင်းနှီးကျွမ်းဝင်လာတဲ့အခါ မိတ်ဆွေရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို တည်ငြိမ်စွာရင်ဆိုင်နိုင်ဖို့ သတ္တိနဲ့ အစွမ်းရှိလာပါလိမ့်မယ်။
ဒါဟာ အနှစ်မဲ့တဲ့ မျှော်လင့်ချက်မျိုး မဟုတ်ပါဘူး။ ဒီရင်းနှီးကျွမ်းဝင်မှုကနေ အသိအမှတ်ပြုခြင်း၊ လက်ခံခြင်း၊ ချစ်ခြင်းတွေကို ခံစားလာရမှာဖြစ်ပြီး၊ ဒီအရာတွေက မိတ်ဆွေရဲ့ အသိစိတ်အာရုံမှာ ကြည်လင်ရှင်းလင်းခြင်း၊ စိန်ခေါ်မှုတိုင်းအတွက် ရဲရင့်ခြင်းနဲ့ နောင်ဘ၀အတွက် ထာ၀ရလုံခြုံခြင်းနဲ့ သက်သာအေးချမ်းခြင်းကို ပေးပါလိမ့်မယ်။
ဘာသာတရားတွေနဲ့မတူတဲ့အချက်က သင်နဲ့ရင်းရင်းနှီးနှီး မိတ်ဖွဲ့ကျွမ်းဝင်မှုကိုပဲ ယေရှုဘုရားက လိုချင်တာပါ။
ယေရှုဘုရားနဲ့ ဒီနေ့ပဲ စကားမပြောလိုဘူးလား။